Wednesday, January 4, 2017

အိမ်မက်(ကဗျာ)


ဝေလီဝေလင်း
မိုးမလင်းတလင်းမှာ
ခွီးအူသံတိနဲ့ ငိုက်နီရရေဘဝ..။
ပလွီသံမကြား စည်သံမကြားဘဲ
ကိုယ့်အသားကိုယ်စားပနာ
မြက်တောကရာဆုတောင်းလို့
ဇာကြောင့်မသိဘဲနဲ့
လောပြောင်ပြောင်ကျိတ်
မျက်စိကိုမှိတ်နားကိုပိတ်ဗျာ
အိပ်မရရေကြားထဲ
အကွန်ဆောင်ရစော်ကခက်ယင့်...။
တစ်ခါလာလေ့ထိမ်းသိမ်း
တစ်ခါလာလေ့စောင့်ရှောက်
တစ်ခါလာလေ့ တန်ဖိုးထားဆိုလို့
လားမရရေတံထားကို
ဖြတ်တောင်မလျှောက်ဝံ့စော် အိမ်မက်..။
၎င်း..၄င်းနဲ့
၎င်းဆယ်ခါထပ်ဗျာစီထားရေစာကြောင်း
ဖတ်မကောင်းဘဲကျက်ပလိုက်စော် အိမ်မက်..။
ဝေလီဝေလင်း အိမ်မက်
မိုးမလင်းတလင်းအိမ်မက်
ဖမ်းဆုပ်လို့မရရေအိမ်မက်
....အိမ်မက်...အိမ်မက်....။
                            အဘာသား

No comments:

Post a Comment