Wednesday, January 4, 2017

ကာလတိကြားက ငါရို့မြီ(ကဗျာ)


အတိတ်,
ရွှေအိုရောင်တဖိတ်ဖိတ်
တိမ်အလိပ်လိပ်တောင်ပြိုကျလုလု
ဇာသူဇာပိုင်ပင်လာလာ
မိုးမခရေသဇင်တိက
မွှီးလို့၊ ကြိုင်လို့
ဧကရာဇ်ဆိုရေ ပလ္လင်က
ရွှေအိုရောင် ဓမ္မသတ်ကိုပိုင်းဖြတ်
ကမ္မည်းတိ အထပ်ထပ်တင်ခရေ
ငါရို့ ...နီရာ။
ပစ္စုပန်,
မြေနီရောင်လမ်းကြားမှာ
သစ္စာပန်းတောင်အနိုင်နိုင်
စိတ်မခိုင်ကေ
ဈာန်အယိုင် မြေစိုင်မှာ ခလုလု...
အတ္တမိုးသားတိ
မာန တိမ်လိပ်တိက
သီလဆိုရေ တံတိုင်းကိုကျော်ဖြတ်
အထပ်ထပ်တက်နီရေ လှိုင်းလုံး
ရာဇကုန်းကိုတောင် ဖုံးလားခဗျယ်ကား...
အနာဂတ်,
သမိုင်းကြားထဲက ဓာတ်တောင့်တစ်လက်
သင်ခန်းစာတိ
နောင်တ တရားတိ
ခါးပိုက်မှာအပြည့်နန့်
ကျောပိုးထားရေ မြှားစူးအတွက်
ဗဟိုကွက်တစ်ခုကိုအရောက်
မင်းရို့...
ငါရို့...
အဇိန်ဇိတ်ကေ ကစပ်ကတ်မေ...။

                            အဘာသား

နှစ်သစ်သို့(ကဗျာ)


သပုံတစ်ခဲကိုင်လို့
စိတ်တိုင်းကျ တိုးပလိုက်စော်
အားလုံး ပြောင်ဗျယ်ထင်...
နှစ်တစ်နှစ်ကို ကြိုဆိုဖို့
ခန္ဓာကိုပြောင်အောင်
အိပ်ရာကို သျှင်းအောင်
သပုံနဲ့တိုး
မရိုးနိုင်ရေသန့်သျှင်းရေး
တွေးကြည့်က သန့်ဖို့လား....။
ထော...ရီကြောင့်ဖြစ်တေအမှိုက်
ရီကြောင့်ဖြစ်တေ ကျမန်း
စိတ်ကြောင့်ဖြစ်တေ ဒဏ်ရာ
သပုံတိုးကေလေ့ ညှီစိုနံယင့်..။
သပုံတစ်ခဲကိုင်လို့
ငါ့စိတ်ကို ငါဆီးဗျယ်
ငါ့အိမ်ကို ငါဆီးဗျယ်
ငါ့မြို့ကို ငါဆီးဗျယ်
ငါ့လူမျိုးကို ငါဆီးဗျယ်
ငါ ရှိဆက်ပါဖို့ဗျယ်...။
                                 အဘာသား

ဝိသမ(ကဗျာ)


ဇာလုပ်လို့ဇာကိုင်မှန်းမသိ
ဇာလားလို့ဇာလာမှန်းမသိ
မဟူရာအနားကွပ်နဲ့ စိန်စီလို့....။
လက်တစ်လုံးခြားမက
တစ်ဘဝထားလို့မီးဇာညှိ
ဂတိမရှိရေ လွဲအသိနဲ့
င/တေ မာဖို့အရေး
ပေါင်ကိုလှန်ထောင်းပနာ အံကြိတ်
ငါဆိုရေ ဟိတ်ဟန်အပြည့်နဲ့
ဇာလုပ်လို့ ဇာကိုင်မှန်းမသိဘဲ
စိန်တိကို မဟူရာကွပ်လို့ထော....။
                            အဘာသား

အောင်တံခွန်(၃)(ကဗျာ)

အောင်တံခွန်(၃)
မင်းဆုံးရှုံးပစ်ခစော်
ငါရို့အတွက်နီလို့မသိ၊ထိုင်လို့မထိ
ကူပါ ကယ်ပါ တဇာဇာကြား
လစ်ဖ်ဂျတ်ကတ်နဲ့
နောက်လှည့်မကြည့်ရေမျက်ဝန်းတိက
အားကိုးရာ ကာဗာရှိလို့လား....။
ကြိုးစားလိုက်စော်က မြောက်ကြိမ်ကျွန်းသား
အမှတ်ရစော်က တာဝန်ရှိသူများ
နားခါးခါး  မခါးခါး
ထော...ပဟေဠိကောင်ကို
ဂုဏ်တောင်ပြုဖို့ဆိုကာ
အောင်တံခွန် (၃)
မင်း..ငါရို့အတွက်အရှုံးကိုပီးပစ်ခစော်လာ
မင်း..ငါရို့အတွက်အမုန်းကိုပီးပစ်ခစော်လာ
မင်း..ငါရို့အတွက်သင်ခန်းစာပီးပစ်ခစော်လာ
မင်း.........
မင်..........
မင်း.........
                                    အဘာသား

နှင်းကိုမျှော်ရေပန်း(ကဗျာ)

နွားပြီးရာမှာ
ဖျာဆိုးရွင့်လို့
ပွင့်ဖို့လာရေပန်းတိ
တုန်းဒိဒိရာ
အားတင်း...အင်တင်း
မိုးလင်းကေကျလာဖို့နှင်းစက်
အသက်ဆက်ဖို့မျှော်ရစော်
လိုင်ဖင်းရာရှည်
ကယ်သူမရှိ
လမ်းပြကြယ်တိသုန်မှုန်လားလို့
နွားကရာ ခလုန့်သတ်
ခွီးကရာ သီးဖြန်း
သဇင်ဆိုစော်
နှင်းရီဆန်းမှ လန်းရေပန်းပါ...။
                            အဘာသား

ငါ(ကဗျာ)


ငါ၏ခန္ဓာ
ငါ့ခန္ဓာလို့၊ငါ့ကိုငါမြင်
ငါဘုရင်တည်း။
ငါ၏လောဘ
ငါ့လောဘလို့၊ငါကလိုချင်
ငါ့တွက်ပင်တည်း။
ငါ၏ဒေါသ
ငါ့ဒေါသလို့၊ငါကပြစ်တင်
ငါသတ်ချင်၏။
ငါ၏မောဟ
ငါ့မောဟလည်း၊ငါ့ကိုငါဖုံး
စုံလုံးကန်း၏....။
                     အဘာသား

အိမ်မက်(ကဗျာ)


ဝေလီဝေလင်း
မိုးမလင်းတလင်းမှာ
ခွီးအူသံတိနဲ့ ငိုက်နီရရေဘဝ..။
ပလွီသံမကြား စည်သံမကြားဘဲ
ကိုယ့်အသားကိုယ်စားပနာ
မြက်တောကရာဆုတောင်းလို့
ဇာကြောင့်မသိဘဲနဲ့
လောပြောင်ပြောင်ကျိတ်
မျက်စိကိုမှိတ်နားကိုပိတ်ဗျာ
အိပ်မရရေကြားထဲ
အကွန်ဆောင်ရစော်ကခက်ယင့်...။
တစ်ခါလာလေ့ထိမ်းသိမ်း
တစ်ခါလာလေ့စောင့်ရှောက်
တစ်ခါလာလေ့ တန်ဖိုးထားဆိုလို့
လားမရရေတံထားကို
ဖြတ်တောင်မလျှောက်ဝံ့စော် အိမ်မက်..။
၎င်း..၄င်းနဲ့
၎င်းဆယ်ခါထပ်ဗျာစီထားရေစာကြောင်း
ဖတ်မကောင်းဘဲကျက်ပလိုက်စော် အိမ်မက်..။
ဝေလီဝေလင်း အိမ်မက်
မိုးမလင်းတလင်းအိမ်မက်
ဖမ်းဆုပ်လို့မရရေအိမ်မက်
....အိမ်မက်...အိမ်မက်....။
                            အဘာသား

ဇာမှာရှိဖို့လဲ(ကဗျာ)

ဇရာကထောင်း
ခန္ဓာဟောင်း
အကောင်းဇာပိုင်ဖြစ်ဖို့လဲ။
ရောဂါကထောင်း
စိတ်ကညောင်း
အကောင်းဇာပိုင်ဖြစ်ဖို့လဲ။
သေခြင်းကတောင်း
ခန္ဓာဟောင်း
စွန့်ပေါင်းဇာလောက်ရှိဖို့လဲ။
ဤသံသရာ
ဤဝင်္ဂပါ၌
အမြစ်ဇာမှာ
အနှစ်ဇာမှာ ရှိဖို့လဲ...။    ။
                     အဘာသား

Tuesday, January 3, 2017

လွတ်လပ်ရေး(ကဗျာ)

လွပ်လပ်ရေး
တန်းဆောင်းမုန်းသခိုးကြီးညပိုင်
လွပ်လပ်တေသူခိုးတိ
လွပ်လပ်စွာခိုးကတ်
လွပ်လပ်စွာတောင်းကတ်
လွပ်လပ်စွာတိုက်ကတ်
တရားဝင်အနိုင်ကျင့်လက်မှတ်နဲ့
အနိုင်ပိုင်းလားရေလွပ်လပ်ရေးက
ကျိန်စာသင့် ဒဏ်ရာတိအဖြစ် ခုထိနာတုန်း..။
အမုန်းတရားမရှိလတ်
သူတစ်ကျပ်ကိုယ်တစ်ကျပ်နဲ့
နန်းတော်ကြီးဆောက်လားခစော်
ညှော်နံ့နဲ့ ဝ လားယာ။
လွပ်လပ်ရေး
အိုး...လွပ်လပ်ရေး
ဘောင်ခတ်ထားရေ ပါးစက
ချိုင်ထားရေလက်တိကိုရုန်းဖို့
တောက် တစ်ခေါက်တော့ခါ ထွက်ပါရစီ။
                                 အဘာသား

Monday, January 2, 2017

ရာစုပြောင်းမျက်လှည့်(ကဗျာ)

ရာစုတိအမျိုးမျိုးတပ်ဗျယ်
ပုံစံစုံမျက်လှည့်ကွက်တိက
ကမ္ဘာကြီးတောင်ဘေးသတ်မွိပါလားရေ...။
ရှည်နီရေမုဆိတ်တိနဲ့
အလွှာချထားရေနှုတ်ခမ်းတိက
နနုန်း...ပိုက်သားမရှိ...။
လက်တစ်ခါလှုပ်တိုင်း
ဘဝ ဘဝတိခါးသီးစီစော်
ဒေ...မျက်လှည့်ကြည့်နီမိလို့ကား..။
ထော...လာဗျယ်
နာမေပြောင်းလို့ပြပြန်ယာ
အရာလေ့ကြည့်ကတ်ပြန်ယာ
မျက်လှည့်ပြဖို့စော်သိယင်းနဲ့
အားစိုက်ကြည့်နီကတ်စော် ဇာမျှော်လင့်လို့လဲ။
မဖြစ်နိုင်မှန်းသိသိနဲ့
ရင်ကွဲခံ မျက်နှာပြောင်လို့
ဇာပီးနိုင်ဖို့လဲစိုင်းစားထားရဖို့သိလတ်ထော...။
ရာစုပြောင်းရေမျက်လှည့်
ရာစုပြောင်းရေမျက်လှည့်
နာမေရာပြောင်း ဇာအရာလေ့မပြောင်းရေ
အိုး....မျက်လှည့်...မျက်လှည့် ....။
                                  အဘာသား

Sunday, January 1, 2017

စပါးမွှီး

စပါးမွှီး
......

ခရစ်နှစ်သစ်မှာ
ရခိုင့်နိုင်ငံကျဆုံးရရေလို့်....
မဟုတ်ကဟုတ်က
မကျ...မကျ
ှုငါ့စိတ်မှာ လက်မခံသိမ့်
ငါ့နှလုံးသားမှာလက်မခံသိမ့်
ဇာပြောချင်လေ
ငါရို့နိုင်ငံမကျဆုံးသိမ့်ပါ။
ထော...ကြည့်လိုက်
လူငယ်တိ  လူလတ်တိ လူကြီးတိ
ကိုယ်စီ အမျိုးသားရေးစိတ်နဲ့တက်ကြွတုန်း
လက်မောင်းကိုဖောက်ပြတုန်း
ဇာကလာ ကြည့်စမ်ချက်
တစ်ယောက်ချင်းစကားတစ်လုံးစီစုကေတောင် ကမ္ဘာကိုသိမ်းပိုက်လို့ရရေ
လက်ခုန်နဲ့လက်ဝါးထားလိုက်
နှုတ်တစ်ခွန်းစီနဲ့တောင် ကမ္ဘာတုန်လားကေ
ငါရို့စော် ယက်ပြတ် ငါရို့ရာ......။
          
                        အဘာသား