သို့
အိမ်ရှင်မ
သတိရလို့တော့ခါမဟုတ်ယာ။တစ်ရက်နိက မင်းဖုန်းဆက်တေ ကိစ္စနဲ့ပတ်သက်လို့ စကေပြော ချင်လို့ရာ။
မင်းကကို့ကို ငရဲကြီးလို့၊ အယုံအကြည်မရှိ၊ ဒိတ္ထိလို့ပြောစော် ကိုမာန်မပါပါဝေ။ ဟုတ်တေ မင်းပြောရေပိုင် ကိုရို့ရခိုင်ပြည်က မဟာမြတ်မုနိ ဘုရားရေ ကြည်ညိုစရာ ကောင်းရေ။ ဖူးသင့်ရေ။ ကိုလေ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ဇာဘုရားဆင်း ထုတော်ကိုပင်မဆို ကြည်ညိုရေ။ ရှိခိုးရေ။ ဗုဒ္ဓ ဘုရားရှင်ကို အာရုံပြုလို့ သရဏဂုဏ်ဆောက်တည်ရေ
တစ်ခုချေလောက်ပြောကြည့်မေနမ်း။ ဓမ္မဓိဌန် ကျကျစိုင်းစားကြည့်ကတ်ဖို့။ မဟာမုနိမှာ နန်းခေါင်၊ စေတီ တိပေါ်ရေဆိုလို့ မင်းလားချင်ရေ မနင်း။ မလား ကေ့လို့ ကိုမဟန့်ပါ။ ဘုရားဖူးရေဆိုစော် ကုသိုလ်ရ ရေ။ ယေလေ့ ဘုရားမှအပ အခြား ဝီစိကိစ္စာ လို့ခေါ် ရေသံသယတိ မထားစီချင်ဝေ။
အကိုရို့ ဗုဒ္ဓဘုရားရှင်ရေ သဘဝ ကိုမဆန့် ကျင်ရေ ဘုရားတစ်ပါးပါ။ ဖန်တီးလို့လေ့မလုပ် ဖန်လေ့မဖန်ဆင်းပါ။ သဘဝ အတိုင်း ငယ်ရာက ကြီး ကြီးရာကအို အိုရာက သီ ဆိုရေ လောက သဘာဝ ကို
သဘာဝအတိုင်း သူကိုယ်တိုင် နီထိုင်ခရေ။ အပင် တစ်ပင်စော် အချေကအကြီး အကြီးကတစ်ခါ အို၊ အိုက တစ်ခါ သီလားခရေ။ အသီး အပွင့်တိလေ့ ကြွီ ပခရေ။ ယင်းအသီး အပွင့်တိကို ကောက်ထား ချင်လူ ကောက်ထား၊ အသုံးပြုချင်လူပြု၊ အပင်က ဇာတစ်ခု လေ့ပြောလိမ့်မေမဟုတ်။ ဗုဒ္ဓဘုရားရှင်ဟောခရေ တရားတိလေ့ယပိုင်ယာ။ ယင်းအတွက် ဘုရားရှင် သက်ရှိထင်ရှားခါ သူကိုယ်တိုင် သင်္ဃယနာ မတင်ခစော်ကိုကြည့်။
ဗုဒ္ဓ ပုရိနိဗ္ဗန်ပြုပြီးမှ ရှင်မဟာ ကသပ ရို့ဦးဆောင်ပနာ သင်္ဃယနာ တင်ခကတ်တေ။ အသီး အပွင့်တိဆက်လက် တည်ရှိနီအောင်လို့လေ။ သဘာ ဝအတိုင်းကျင့်သုံးရေ ဘုရားစော်ပုရိနိဗ္ဗန်ပြုရေခါ ဘုရား၏ သီလ သမာဓိ ပညာတိစော် ဒေကမ္ဘာမာ လူတိအတွက် ချန်ထားပခဖို့လို့ မင်းထင်လာ။
မချန်ခပါဝေ။အပြီးကေ နောက်တစ်ခု ပြော မေ။ဘုရား၏ တန်ခိုးတော် ကိစ္စ။ ဘုရားရှင်ရေ သက်ရှိ ထင်ရှားရှိခါတောင် သူ့တန်ခိုးကို လိုအပ်မှ ပြခစော်။ သူပုရိနိဗ္ဗာန် စံပြီးမှဇာကတန်ခိုးတော်ကိုပြခီဖို့သိလဲ။ ယကေ မင်းစိုင်းစားကြည့်စမ်။
ဘုရားကို အာရုံပြုလို့ ရှိခိုးကန်တော့ဖို့ လူတိ ပြုလုပ်ဖန်တီးထားရေ ဗုဒ္ဓဆင်းထုတော်တိက တန်ခိုး ပြဖို့သိလား။ တကယ်လို့ ဆင်းထုတိက အရောင်အဝါ ထွက်ပနာ အမျိုးမျိုးမြင်ရကေ သိပ္ပံနည်းနဲ့ရာ စိုင်းစား ကတ်ရဖို့။ ကိုရို့လူသားတိရေ ဗုဒ္ဓဆင်းထုတိကို ပြုလုပ်ရေခါ ရွှေ ငွေ ကျောက်သံပတ္တမြား ဆိုရေ ရတနာတိ ထည့်ကတ်တေ။ ကိုရို့ ရခိုင်က မဟာမုနိ ဘုရားသွန်းခါကဆိုကေ နဝရတ်ကိုးသွယ် အရာ သတ္ထုတိ လေ့ပါသိမ့်ရေ။ ယင်းသတ္ထုတိရေ အရောင် ပြန်တတ်တေ။ အရောင်ကွန့်တတ်တေ။ ပြီးကေ ဖော့ စဖော့ရတ် လို့ခေါ်ရေ မီးစုန်းဓာတ်တိဝါ။ သိပ္ပံနည်း အရ စိုင်းစားကြည့်။
ကို့ ချစ်အိမ်ရှင်မ မင်းစိုင်းစားမိလာ။ သိပ္ပံနည်း ကို ကိုရို့လိုက်မမီပိုင် ဝိဇ္ဇာကိုလေ့ လိုက်မမီဆိုလိမ့် မေ။ယေလေ့ ဗုဒ္ဓကတော့ အရိုးရှင်းဆုံးရာ။ သဘာဝ အကျဆုံးရာ။
ကောင်းကင်မှာ နန်းခေါင်ပေါ်စော်ဝါ ဆိုလိမ့် မေ။သေချာရေဝေ ယင်းချင့်စော်ပုံရိပ်ချင့်။ အကြောင်း တရားတစ်ခုမရှိဘဲ အကျိုးတရားတစ်ခုမဖြစ်လာ။ အကြောင်းတရားကို သေချာရှာကြည့်။ ဗုဒ္ဓဘာသာ စော် သိပ္ပံနည်းအကျဆုံးနဲ့ ဝေဖန်အခံနိုင်ဆုံး ဘာသာ။ ဘုရားကလေ့ ဝေဖန်ခွင့်ပြုရေ။ဆန်းစစ်ခွင့်ပြုရေ။
ကိုယ်တိုင်ကျင့်ကြံအားထုတ်တေ မင်းရင်ထဲ မှာ ဗုဒ္ဓကိုမြင်လိမ့်မေ။ နှလုံးသားထဲမှာ နန်းခေါင် ထက်မက မြင့်မားရေ ဘုံဆင့်တိကိုမြင်လိမ့်။ မင်းရင် ထဲမှာ ဗုဒ္ဓရှိခကေ ကြည့်ချင်ရာကိုကြည့် ဗုဒ္ဓကိုမြင်လိမ့်မေ။ အယင်ဆုံး မင်းစိတ၊် မင်းခန္ဓာ၊ မင်းဝေတနာ၊ မင်းဓမ္မထဲမာ ရှာကြည့်လိုက်ပါလို့ ကို ပြောလိုက်ပါရစီ။
ကျမ်းမာပြီးကေ ဓမ္မကိုမြင်နိုင်ပါစီ
မင်း၏ချစ်လှပါသော
အိမ်ရှင်
(အဘာသား)
Wednesday, December 28, 2016
အိမ်ရှင်မဘက်သို့အိပ်ဖွင့်ပေးစာ(ပေးစာ)
ပန်းလေ(ကဗျာ)
ပန်းလေကသွေး
ရနံ့မွှေး
ပူဆွေးရင်မှာငြိမ်းတော့သည်။
စမ်းရေကအေး
ကြည်လင်မြဲ
ရင်ထဲအပူကင်းတော့သည်။
ပန်းလေစမ်းရေ
ပေါင်းဖက်စေ
ရင်ဝယ်ဘယ်မျှငြိမ်းစေလိမ့်။
အဘာသား
ရောဂါနှင့်ဆေး(ဆောင်းပါး)
ပညာရေးဟုဆိုသည်နှင့် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီး သောမဏ္ဌိုင်တစ်ခုဖြစ်သည်ကို မည်သူမျှငြင်း၍ရမည် မဟုတ်ပါ။ ပညာဖြင့်သာနိုင်ငံကိုတည်ဆောက် ကြရပါသည်။
ပညာရေးစနစ်ဆိုသည်မှာလည်းပညာရေး လုပ်ငန်းကြီး တစ်ခုလုံးကို လည်ပတ်စေသော ရေစီးကြောင်း တစ်ခုဖြစ်ပါသည်။ပညာရေးအင်ဂျင် များဖြစ်သော ဆရာ၊ဆရာမများက ကုန်ကြမ်း ဆိုသောကျောင်းသူကျောင်းသားများကို ကုန်ချော အဖြစ် တနည်းအားဖြင့် တန်ဖိုးရှိသော လူသားများ အဖြစ်ပညာရေးဂဏ္ဌမှ ပုံဖော်ကြရသည်။
ရှေးယခင်ခေတ်များက ဘုန်းတော်ကြီးသင် ပညာရေးစနစ်တစ်ခုတည်းကိုသာ အားထားခဲ့ကြရ သည်။၎င်းပညာရေးစနစ်သည် TCAဟုခေါ်သော ဆရာဗဟိုပြုစနစ်ဟု သုံးသပ်ကြသည်။ ကျောင်းသူ ကျောင်းသားအား တွေးတော စဉ်းစားနိုင်သောဉာဏ်
(thinking)ကို ပိတ်ပင်ရာရောက်သည်ဟု တနည်းအား ဖြင့် မကောင်းဟု ဆိုပြီး (CCA)/(CFS)စနစ်ကို ပုံဖော်လာပါသည်။
မြန်မာနိုင်ငံတွင် ပညာရေးစနစ်ကောင်း တစ်ခုကို ပုံဖော်လာခဲ့သည်မှာ ကျွနှ်ုပ်တို့တစ်သက် ရှိပါပြီ။ ယင်းနှင့်အတူ အခြေခံပညာကျောင်းများလည်း အရေအတွက်များလာပါသည်။ကျေးရွာတိုင်းနီးနီးတွင် မူလတန်း/မူလွန်/လ-ခွဲ ကျောင်းများရှိလာပါပြီ။
ယခုနောက်ပိုင်းဖွင့်သော မူလွန်ကျောင်းများ တွင် ၅-တန်း၊၆-တန်းအထိ သင်ကြားနိုင်ပါသည်။ ကျောင်းသူကျောင်းသားများ အတွက်မိမိရပ်ရွာတွင် ပညာဆက်လက်သင်ကြားရခြင်းသည် အခွင့်ကောင်းတစ်ခုပင်ဖြစ်ပါသည်။သို့သော် ၅-တန်း၊၆-တန်း ပြီးပါက ပညာရေးဆုံးခန်းတိုင်ပြီလော။
၅၊၆-တန်းပြီးသော် ၇၊၈၊၉၊၁၀အတန်းများ သင်ကြားရန် နီးစပ်ရာရပ်ရွာ သို့မဟုတ် မြို့သို့တက် ပြီးသင်ကြားရပါသည်။ထိုအခါ သွားရေးလာရေး ပြဿနာ ရှိလာခဲ့ပါပြီ။
မူလွန်ကျောင်းများမရှိသေးခင်ကာလက မူလတန်းပြီးလျှင် မြို့သို့သွားပြီးကျောင်းတက်ခဲ့ ကြရသည်။မိဘများကလည်း မိမိ၏သားသမီး များကို မြို့ကအိမ်တစ်အိမ်တွင် နေစရိတ် စားစရိတ်ပေး၍ ကျောင်းထားပေးကြရပါသည်။ ယနေ့အချိန်အခါတွင် မိမိတို့၏ရွာ အနီးအနား၌လ-ခွဲ၊ ထခွဲများ ရှိနေပြီဖြစ်၍ မြို့သို့သွားပြီး ကျောင်းမထားကြတော့ပေ။ မိမိအိမ်မှ နေ့ချင်းပြန် ကျောင်းတက်ရန် ဖန်တီးကြသည်။ မိဘ အနေဖြင့်လည်း မိမိ၏သားသမီးများကို မိမိ၏မျက်စိ အောက်တွင် ထားရ၍ စိတ်ကျေနပ်ကြရသည်။ သို့သော် သွားရေးလာရေး အခက်အခဲများ ရှိလာ ပါသည်။
အထူးသဖြင့် ကျွနှုှုပ်တို့ ရခိုင်ပြည်နယ်ဆိုလျှင် သွားရေး လာရေး ပိုမိုခက်ခဲသည်ကိုတွေ့ရသည်။ မြစ် ချောင်းပေါများခြင်း တောင်ကုန်းတောင်တန်းများရှိုခြင်းတို့က အဓိကကျပါသည်။ မြစ် ချောင်းများနှင့် နီးစပ်သောဒေသများတွင် ကျောင်းတက် ကျောင်းဆင် အတွက်စက်လှေများကို အားကိုးကြရသည်။ ကုန်းပိုင်း ဒေသရှိကျောင်းသူကျောင်းသားများမှာလည်း ကား သုံးဘီး ထော်လာဂျီ များကိုအားကိုးကြရပြန် သည်။အလွန်အန္တရယ်များသော သွားလာရေးခရီး ဖြစ်ပါသည်။
ကျောင်းသူကျောင်းသားများအတွက် စိုးရိမ် စရာကောင်းလှပါသည်။ ၁၉.၈.၁၆နေ့က ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ်မှ အ.ထ.က ကျောင်းသို့ တက်ရန်လာသော စက်လှေ နစ်မြုပ်သော ပြဿနာ ကိုကြည့်ပါ။ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှုကိုကြည့် ပါ။အခြားသတင်းမတက်သော ပြဿနာများ မည်မျှ ရှိပါမည်နည်း။
ယခင်ကဆိုလျှင် မူလတန်းကျောင်း တစ် ကျောင်း၌ အလယ်တန်းတွဲဖက် စနစ်ရှိခဲ့ကြပါသည်။
(ပညာတန်ဆောင် စာစီစာကုန်း၊ကဗျာ ပြိုင်ပွဲများမှာ ပင်လျှင်" မည်သည့်တွဲဖက်ကျောင်းမှမဆို ပြိုင်ပွဲဝင် နိုင်ကြောင်း " ဟုမှတ်ချက်အနည်ဖြင့် တွဲဖက်စနစ် ကိုအသိအမှတ်ပြုခဲ့ပါသည်။)တွဲဖက်စနစ်ဆိုသည်မှာ မူလတန်းကျောင်းတစ်ကျောင်း၌ မူလတန်းအပြင် ၅-တန်းမှ ၈-တန်း အထိ အပြင်မှအတွေ့အကြုံရှိသော ဆရာ ဆရာမ များအားခေါ်၍ သင်ကြား စေသော စနစ်ဖြစ်ပါသည်။ ယင်း၅-တန်းမှ ၈-တန်းအထိ ကျောင်းသားများကို သက်ဆိုင်ရာ နယ်မြေ အလက/အထက များတွင်ကျောင်းသားစာရင်းသွင်းရပါသည်။
ဤသို့တွဲဖက်စနစ် ရှိခြင်းကြောင့် ငွေရေးအရ မြို့ပေါ် တွင်သွားရောက် ပညာမသင်ကြားနိုင်သော ကျောင်းသားများမှာ တွဲဖက်ကျောင်း၌ သင်ကြားခွင့် ရကြပါသည်။အလယ်တန်းအဆင့် ပြီးမြောက်သည် အထိပညာသင်ကြားခွင့်ရကြပါသည်။
ယခုအခါ တွဲဖက်စနစ် ပျောက်လုနီးပါး ဖြစ်ပါလိမ့်မည်။မူလွန်၊ လခွဲ၊ထခွဲများ ပွင့်လာခြင်း ကြောင့်ဟုဆိုနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ပြောင်းလဲမှုတစ်ခုပါ။သို့သော် မူလွန်အဆင့်၌ ၅/၆ လောက်ကိုသာ သင်ကြားခွင့်ရသည့်အတွက် ၇၊၈ အတန်းများကို အခြားကျောင်းများသို့သွား၍ သင်ရပြန် ပါသည်။
ကျူရှင်မပြရ ဥပဒေ ကြောင့်လည်း တွဲဖက် စနစ်ကိုရပ်ရွာများတွင် အကောင်အထည်မဖော် ဝံ့ကြတော့ချေ။ ပြသမည့် ဆရာ ဆရာမများမှာလည်း နောက်တွန့်သွားကြရသည်။
ရခိုင်ပြည်နယ်တွင် ကျောင်းသူ ကျောင်းသား များကျောင်းတက်ရန်သွားသော စက်လှေနစ်မြုပ် ခြင်းမှာ ၂ ခါမကတော့ပေ။ ကုန်းလမ်းခရီးတွင်လည်း ထော်လာဂျီ သုံးဘီး ဘယ်လောက် မှောက်ပြီးပါသလဲ။ လူအသေအပျောက်မရှိ၍ သတင်းမတက်ခြင်းသာ ဖြစ်ပါသည်။
ရေကြောင်းခရီးအတွက် အသက်ကယ် အင်္ကျီ ဖြင့်ရသော်လည်း ကုန်းလမ်းခရီးအတွက်မူ မည်သို့ စဉ်းစားရမည်နည်း။
ပြဿနာတစ်ရပ်ကိုဖြေရှင်းမည်ဆိုလျှင် ရောဂါ တစ်ခုကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသသကဲ့ သို့ ဖြေရှင်းရန်လိုအပ်ပါသည်။ လတ်တလော သက်သာရုံ နေကာင်းရုံမျှဖြင့် ကုသ၍မရချေ။သို့မ ဟုတ်ပါက မကြာမီယင်းရောဂါ ပြန်ပေါ်လာပါလိမ့် မည်။ ကျွနှ်ုပ်တို့ ရခိုင်ပြည်နယ်တွင် ရေလမ်းခရီး၌ ကျောင်းတက်နေရသော ကျောင်းသား ကျောင်းသူ မျာကို အသက်ကယ်အင်္ကျီ ဝတ်ပေးစေကာမျှဖြင့် ခရီးအခက်အခဲပြဿနာကို သက်သာရုံမျှ ကုသ ပေးနေကြရသည်။
ပညာရေးအတွက် ကျေးရွာတိုင်း ကျေးရွာ တိုင်းတွင် အနည်းဆုံး လ-ခွဲ အဆင့်ရှိသင့်ပါသည်။ ကျောင်းသားဦးရေ မရှိဟုဆိုချင် ဆိုနိုင်ပါသည်။
တစ်ခါကသတင်းတစ်ပုဒ် ဖတ်လိုက်ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင်ဖြစ်သည်။ ကျေးရွာ တစ်ရွာနှင့် ဆက်သွယ်ထားသော မီးရထားလမ်းကို ယင်းရွာက ရွာသူရွာသားများ ရထားမစီးကြတော့၍ ပိတ်မည်ဟု အဆိုပြုကြပါသည်။ သိုသော် ယင်းရွာက ကျောင်းသူ တစ်ဦးမှာ ယင်းရထားလမ်းမှ ရထားဖြင့် နေ့တိုင်း ကျောင်းတက် ကျောင်းပြန် သွားနေသည်ကို တွေ့ရှိရ ၍ ရထားနှင့်ရထားလမ်းကို မပိတ်ဖြစ်လိုက်ပါ။(သတင်းမမှန်ဆိုပါစေဦးတော့။ လူ့အဖွဲ့အစည်းတစ်ခုသည် ယင်းသို့ ဖြစ်နေရမည် ဟုယူဆပါသည်) ကျောင်းသူတစ်ဦး အတွက်သုံးစွဲလိုက်သော ရထား လမ်းတစ်ခုဖြစ်သွားပါသည်။ လေးစားအတုယူ စရာ လူ့အဖွဲ့ အစည်းတစ်ခု ဟုယူဆမိပါသည်။ ယင်းသည် ပင်လျှင် လူ့အခွင့် အရေး မဟုတ်ပါလော။
ကျွနှ်ုပ်တို့ ကျေးရွာ များတွင်လည်းလ-ခွဲအဆင့် ကျောင်းမရှိသင့်ပါလား။ ကျောင်းသူ တစ်ယောက် တည်းမဟုတ်ပါ။ အနည်းဆုံး ၁၀ ဦးနှင့် အထက် ရှိပါ လိမ့်မည်။ အရည်အတွက် နည်းချင်နည်းပါလိမ့်မည်။ အရည်အချင်းနည်းချင်နည်းပါလိမ့်မည်။ သို့်သော် သူတို့သည် ပညာသင်ကြားခွင့် အပြည့်အဝ ရှိကြပါ သည်။
ကျောင်းသတစ်ယောက်သည်အနည်းဆုံး အလယ်တန်းအဆင့်ကို မကြောင်းကြ မတောင့်တ သင်ကြားခွင့်ရှိရပါမည်။ ထိုသို့ သင်ကြားခွင့်ရရန် မည်သူတို့၌ တာဝန်ရှိပါသနည်း။
လက်ရှိအစိုးရတွင်တာဝန်ရှိပါသည်။ တာဝန် ယူရပါမည်။ ဖြေရှင်းရပါမည်။
ဂေါရာတစ်ခုကို လုံးဝပျောက်အောင် အကောင်းဆုံး မကုသနိုင်သေးပါက ယခင်သုံးစွဲခဲ့ သောဆေးများ ယခုသုံးစွဲနေသော ဆေးများကို စီစစ် ရပါမည်။( ၁)ပုဂ္ဂလိကကျောင်း၊ အစိုးရကျောင်း၊ တွဲဖက်စနစ် များကိုပြန်လည်သုံးသပ်ရပါမည်။ (သို့မဟုတ်ပါက)(၂)ကျောင်းတိုင်းနီးပါးကို လ-ခွဲ အဆင့်ထိ တိုးမြှင့်သင့်ပါသည်။ (သို့မဟုတ်ပါက) လမ်း၊ တံထား အဆင်ပြေစေရန် စီစဉ်ပေးရပါမည်။ သို့မှသာ ကျွနှုှုပ်တို့၏ အနာဂတ်ကြယ်ပွင့်များ၏ ဘဝ အနာဂတ် လှပမည် ဖြစ်ပါကြောင်း အကြံပြုရေး သားလိုက်ပါသည်။
(နီဝန်းသစ်)
ကြားခံ(ကဗျာ)
မြေနှင့်ကောင်းကင်
စစ်ပွဲဆင်၍
ရေပြင်လှိုင်းများကြမ်းတော့သည်။
အပူနှင့်အအေး
အားပြိုင်ပြေး၍
လွပ်ရေးမျှော်ကာရှောင်ရသည်။
အချိန်ရယ်တန်
ပြေငြိမ်းပြန်လည်း
နလန်မထူဖေးကူမရှိသည်
ကြားလူအပေါင်းဒုက္ခဆောင်းသော အော်..စစ်..စစ်။
အဘာသား
Tuesday, December 27, 2016
ဒီဇင်ဘာ
ဒီဇင်ဘာ
အစည်းပြီခရေဆိုးကျိုးအဖြစ်
အရောင်ညစ်လားရေလခြမ်း
တမ်းတလို့ လွမ်းမိခယင့်......။
ဒီဇင်ဘာ
မှတ်တမ်းကိုပြန်ဖတ်ယင်း
အံကြိတ်နီရေလက်မောင်းတိက
"အား"တစ်ခုမဖြစ်နိုင်သိမ့်ထော...။
ဒီဇင်ဘာ
မင်းပါပါမပါပါ
ကြိုးတစ်ပင်ကျစ်ဖို့
လက်တစ်ဖက်ကမ်း
အလှမ်းမဝီးရေရောင်နီအတွက်
အစည်းကြီးကိုပြန်ချိုင်ကတ်မေ...။
အဘာသား
Thursday, December 22, 2016
ရီစီးကြောင်း (ဝတ္ထုတို)
" အကိုး...မောင်ကြီး..ကကောင်းကင်းစွန်းခူးကာ.."
" အေး..ဝေ..အိမ်နောက်ဖဲ ဈီးဆိုင်တည်ဆိုမနင်း။ မင်းကဇာလားလေ..."
"ဒေဖက်ကိုတစ်ခေါက်ရာအကိုး.."
လမ်းကအော်ပနာပြောလားရေ ကျားချေကိုပြန်ပြောယင်း ကျနော်ဆက်ပြီးကေ ကင်းစွန်းခူးလိုက်တေ။ ဒေကင်းစွန်းနဲ့ ဒေနိတစ်ရက်စားရဖို့ဗျယ်။ဒေပိုင် မိုးနှောင်းပိုင်းအချိန် ဒေရွာမှာက ဟင်းတိရှားရေ။ဝယ်စားကေ ချိုင်ပေါင်တစ်စည်း တောင် ၅၀/၁၀၀ လတ်။ ဆန်နဲ့ဆိုကေ တစ်ဗူး တစ်ဗူးအလပ် လားရေ။အိမ်နားမှာစိုက်ထားမှတန်ကာကျစွာ။ကျနော်ရို့အိမ်နား မှာကခြံနည်းနည်းကျယ်လို့ ကင်းစွန်းခင်းချေတစ်ခင်း။ ချိုင်ပေါင်အပင် ၂၀ လောက်စိုက်ထားဖြစ်တေ။ဘူးပင်တစ်ပင် တော့ခါအညွန့်တက်တရာသိမ့်။ဒေပိုင်မစိုက်ထားလို့လေ့မရ။ မိုးတစ်မိုးလုပ်ခီမှစပါး ၁၀၀ ရစွာ။ယင်းချင့်ကိုတစ်အိမ်သားလုံး ထိုင်စားရဖို့အရေးကမလွယ်။ယေကေတောင် ဟင်းတိ၊ငါးတိ ကိုကိုယ့်စော်ရှာစားသိမ့်ယင့်။ ဟူး...လူ့ဘဝကမလွယ်..။
ကျနော့်လက်မှာကင်းစွန်းသင့်အောင်ဖြစ်နီယာ။အရာ လက်တစ်ဆုပ်လောက်ဆိုကေတော်ဗျယ်။ကင်းစွန်းခင်းကလေ့ မြေဆီမကြဲလို့ရှိဖို့ကောင်းမလှချင်။နည်းနည်းရှာလို့ခူးရဖို့ဗျယ်။
" ဟီး....ဟီး....အီး..ဟမ်း..ဟမ်း..."
"အမ်း....အမ်း...ဟီး...ဟီး...ဟမ်း...."
အချေတစ်ယောက်ငိုသံက အဆက်မပြတ်ထွက်ပါလတ် တေ။ယာ...အိမ်ကငိုစော်လာချင့်။နောက်ကိုလှည့်ကြည့်လိုက် တေ။မဟုတ်။အော်..ဟိုဖက်အိမ်က ဝိုင်းဝိုင်းငိုစော်။ ဝိုင်းဝိုင်း ဆိုစော်ကောင်မချေက ကကောင်းဆိုးရေ။သူလိုချင်ရေပစ္စည်း တစ်ခုဆိုကေ မရ ရအောင်ငိုလီဖို့စော်ယာ။ဖြားတကျငိုရေဆို စော်မျိုး။ဇာပိုင်လေ့မသိ။ကုလားပစီ၊နွားပစီဆိုပိုင်။အမိသေ ဖြူချေကလေ့သမီးကိုမနိုင်။အသက် ၃ နှစ်လောက်ရာရှိသိမ့်ရေ။ အဂုကပင်သမီးကိုမဆုံးမဘဲသမီးအလိုဂျီးယာလိုက်ပီးရေ။ ကိုယ့်မှာဖဲသာလေ့ရှိစော်မဟုတ်။ ဝိုင်းဝိုင်းကတစ်ရက်မှာ ဇာမျှချိန် ပိုင်စရာစားမသိယာ။ဝယ်ဖို့ဆိုကေလေ့အဂုဝယ်ဖို့။ မရကေရရေအထိငိုလီဖို့စော်ယာ။ထား..ထား..ဒေပိုင်သားသမီး မျိုးက။
" ဟမ်း..အမ်း...ဟီး...ဟီး..."
"အီး....အမ်း...ဟမ်း........."
ဟူး.....။ကျနော်သက်ပြင်းချမိရေ။ဇာခါတန့်လီဖို့လဲ။နား ညည်းရေ။အမိသေဖြူချေလေ့တစ်ခုလေ့မပြောကာ။နီပင်နီနိုင် ထော။ငါ့သမီးဆိုကေလာ။တစ်ပတ်လျော့သတ်ပလိုက်ဖို့။ဒေ လောက်ထိရာတစ်ခုဆိုးရဖို့ဆိုကေ။ထွီး...အန္တရာယ်ကျဖို့ ကောင်းလားဗျယ်။တော်ဗျယ်၊တော်ဗျယ်။ကင်းစွန်းလေ့ဒေ လောက်ဆိုကေရဗျယ်။အိမ်ထဲမှာအအီးဆဆေးထိုင်နီခီရဖို့။ မဟုတ်ကေ ဒေအသံတိကိုကြားနီရဖို့သိမ့်။
ကျနော် ကင်းစွန်းခင်းကအသာအသာအိမ်ဖက်ကိုလာ လတ်တေ။
" ဟီး...ဟီး..ဟမ်း..အမ်း..."
ယော်..အရာအချေငိုသံကာ။ဝိုင်းဝိုင်းလား။မဟုတ်။ကျ နော့်သား မောင်လပုငိုနီစော်မနင်း။ဇာဖြစ်လေချင့်။ကျနော်စိုး ရိမ်စိတ်တိဖြစ်လာရေ။သားဆိုစော် ကျနော့်ဘဝ။ကျနော့် ကိုယ်ပွား။ အိမ်ထဲကိုအယင်အယင်ခြီလှမ်းယင်း...
"အမိသေ...ဇာဖြစ်လေ..ဇာဖြစ်လို့ငိုစော်လေ.."
"မုန့်စားဖို့လတ်အဖသေ။ထမင်းစားပြီးခါ စားဆိုလို့ မရ။အဂုစားဖို့လတ်။မပီးဆိုလို့ငိုနီစော်.."
ကျနော့်အိမ်ရှင်မက ကျနော့်လက်ထဲကကင်းစွန်းပင် တိကိုလှမ်းယူယင်းပြောလိုက်တေ။
"လာ..သားသား..လာ..ဘာဘာနဲ့ဆိုင်ကိုလား ကတ်မေ..."
ကျနော်ကသားကိုကောက်ရွက်ဗျယ်ချော့ပြောလိုက် တေ။အမိသေကကျနော်ကိုမျက်စောင်းထိုးကြည့်နီယင့်။အပြီး ကေအားမလိုအားမရလီသံနဲ့..
"အေး..အဖသေ..အလိုလိုက်..အလိုလိုက်.."
"အူး...ဇာဖြစ်လေဟေ။ လာ..သား...လာ။ ဘာဘာနဲ့ ဆိုင်ကိုလားကတ်မေ..."
ကျနော့်အိမ်ရှင်မကိုပြုံးပြယင်းသားကိုပက်ခုန်းမှာတင် ဗျယ်ဒင်္ဂါးတစ်ရာခါးမှာလိပ်လို့မုန့်ဆိုင်ဖက်ကိုထွက်ပါလတ်တေ။ ကျနော့်သားချေစားချင်စော်စားပတ်စီ။ကျနော်ငတ်ကေလေ့ ငတ်။ကျနော့်သားဝမ်းတင်းဖို့လိုရေ။သားစော် ကျနော့်ဘဝ။ ကျနော့်အသက်။ကျနော့်အနာဂတ်။ဇာအရာတစ်ခုနဲ့လေ့မလဲ နိုင်။သားဖြစ်ချင်စော်တိရေအားလုံးဖြစ်ရဖို့။
"သားသား...မုန့်ဆိုင်ကိုရောက်ကေ စားချင်စော်ကို စားနမ်း..."
ကျနော့်ပါးစပ်က သားကိုပြောရင်း ကျနော့်ခြီလှမ်းတိကရွာ လယ်ကဆိုင်ကိုဦးတည်လိုက်မိပါဗျယ်ယေ။ ။
(အဘာသား)
Sunday, December 11, 2016
သက်ရောက်မှု(ဝတ္ထုတို)
ကုလားထိုင်တစ်လုံးကိုပြီးအောင်လုပ်ရစော်လေ့ မလွယ်။သစ်တိပိုင်းရစွာတစ်မျိုး၊ ရပေါ်တိုက်ရစော်တစ်ဖုံနဲ့ တစ်ရက်လုံးလုပ်ရဖို့ယာချင့်။ တစ်ရက်လောက်လုပ်မှ ကုလား ထိုင်တစ်လုံးပြီးဖို့။ လက်သမားလောကမှာပြောကတ်ပိုင် ဆောက်တိုခါးကုန်း၊မယားမုန်းဆိုစွာ အမှန်တကယ်ရာ။ သစ်တိ ကဈီးကြီး၊ သံမှိုတိကခက်၊ လုပ်ရစော်ကပင်ပန်းရရေကြားထဲ ကုလားထိုင်တစ်လုံးရောင်းခီမှ ၄ထောင် ၅ထောင်။ တစ်မိသား စုတစ်ရက်စာ စားဖို့အနိုင်နိင်။ သူများလက်သမားတိပိုင် အိမ် ဆောက်၊တိုက်ဆောက်ဖို့လေ့မတတ်။ တစ်နိုင်တစ်ပိုင် အိမ်ပရိဘောဂ လုပ်ရစော်က လက်သမားမဟုတ်၊ မျောက်မ ဟုတ်ဆိုကေရယင့်။ ဟူး......ဘဝကပီးလာရေအတိုင်း ရှင် သန်ရဖို့ဗျယ်ယေ။
"အဖသေ.....အဖသေ....ဇာစိုင်းစားနီလေ.."
"အင်း.....မစိုင်းစား"
"အဖသေကို ဝမ်းသာစရာတစ်ခုပြောကဖို့သိမ့်"
ကျွန်တော့်အိမ်ရှင်မက ဝမ်းသာရေမျက်နှာနဲ့ ပြော လာရေ။ မျက်လုံးတိကတောက်ပလို့။ မှိုရရေမျက်နှာမျိုးနဲ့။ ပြုံး သိပြုံးသွင်။
"ဇာလဲ..ဟေ"
"အေမာ...ဈီးက ဖဲသာအိတ်တစ်အိတ် ကောက် ရခရေ။ ဖဲသာလေ့ ၇ထောင်(၇၀၀၀)တောင်ပါရေ အဖသေ"
"ယော်....ပိုင်ရှင်ကိုမရှာခလားယကေ"
ကျွန်တော်က သိချင်ရေစိတ်နဲ့ ပြန်မိန်းကြည့်မိရေ။ ကျွန်တော့်အိမ်ရှင်မက...
"ဘေးပတ်ဝန်းကျင်တော့ခါကြည့်ခယင့်။ တစ် ယောက်လေ့ရှာနီစော်ကို မတွိကာ။ယကေယူခယာမနင်း။ တစ်ရက်အတွက်ပိုင်ရေမနင်းယေ..."
"ဟူး....နင်ကလေ့ဟေ....လူများဖဲသာနဲ့။ ထားလိုက်ဟုန့်သိမ့်။ ပိုင်ရှင်ပေါ်လာကေ ပီးလိုက်လို့ရအောင်"
"အဖသေကလေ့ ရူးရေဟန်။ ဈီးကရခစော် အိမ်မှာထားလို့ရဖို့သိမ့်လား။ သုံးပစ်လိုက်ဖို့ယာ။ ဒေမာဆိုင် မှာခေါင်းမလျှော်ရစော်ရစွာတောင်ကြာယာ။ ထမင်းစားပြီးကေ ခေါင်းလျှော်ဖို့လားဖို့။ အဖသေအိမ်စောင့်ကျန်လိုက်.."
ကျွန်တော့်အိမ်ရှင်မက မာန်ပါရေလိုလို၊ အားမလို အားမရလိုလိုနဲ့ သူ့စိတ်ကူးတိကိုပြောပြီးကေ ကျွန်တော်အလုပ် လုပ်နီစော်နားက ထလားခရေ။
အော်...လူဆိုစွာလေ့ အလကားရကေ ဇာဖြစ် ဖြစ်လိုချင်စွာမျိုးလား။ ဟုတ်ဖို့တော့ခါမထင်။ ယကေလေ့ ကိုယ့်အတွက် ကောင်းကျိုး၊ကိုယ့်အတွက် သာဖို့ကိစ္စဆိုကေ လိုချင်ကတ်ရေမျိုး။ ကိုယ့်ဘက်ကရှုံးဖို့၊ နာဖို့ဆိုကေ မျက်နှာ မလှည့်ချင်ကတ်။ အေဟင့်သည်ပင် လူ့သဘာဝ၊ လူ့စိတ်၏ပုံ သေနည်းရာဟိဖို့။ အော်....လူ.....လူ.....။
.....................................................................
(၂)
ရမ်းပေါက်လီပေါက်လာဗျယ်။ အဂုမှ အအီးစကေရ ရေ။ဒေပိုင်ကဆုန်လမှာက ကကောင်းအပူဒဏ်ကိုခံရရေ။ ညနီ စောင်းရမ်းပေါက်လီတိုက်မှ အအီးတဖဲ့ချေရကတ်စော်။ ကျွန် တော်လေ့ ဒေပိုင်တန်းခူး၊ ကဆုန်လတိမှာဆိုကေ နိခင်းဖက် ကောင်းအလုပ်မလုပ်ဖြစ်။ ချွေးတိက မတရားထွက်တေ။ယင်း အတွက်နဲ့ ညနီစောင်းရမ်းပေါက်လီ လာမှရာ အလုပ်ကိုစလုပ် ဖြစ်တေ။ မိုးထဖက်ချောထားရေသစ်တို၊သစ်စတိကို လိုအပ် တေပိုင်ဖြစ်အောင် လုပ်ရဖို့သိမ့်။
လက်သမားဆိုစော်လေ့ တူသံကြားမှထမင်းဝရေ ဆိုမနင်း။ ထိုင်နီလို့ကတော့ခါ ပါးစ စွတ်ဖို့မဟုတ်။ လက်လှုပ် မှ ပါးစ စွတ်ဖို့။ ကျွန်တော်ရေ သစ်တိကို လိုအပ်တေပိုင်ရ အောင် လွှတစ်စင်းနဲ့ လုပ်နီမိရေ။
"အော....အဖသေ၊ အဖသေ...."
ကျွန်တော့်အိမ်ရှင်မ ခေါ်သံတိက အလန့်တကြား ။ဇာမသေလေချင့်....
"ဇာလဲ...ဟေ"
"တစ်ခေါက်ပါလတ်ချက်...အယင်"
ကျွန်တော် လုပ်လက်စလွှကိုအသာချပနာ အိမ်ရှင် မရှိရာအိမ်ထက်ကိုတက်ပါလတ်တေ။ အိမ်ထက်မှာတော့ခါ ရှုပ်ပွနီယင့်....။
"ဇာဖြစ်လေ..ဟေး..အားလုံးကြင်းနီကာ" ကျွန်တော်အံ့သြစိတ်နဲ့မိန်းမိရေ။
"ဇာမှာလေ အဖသေ...နားဒေါင်းတစ်ဖက် ပျောက်လားခယာ။အဖသေမမြင်မိလား..."
ကျွန်တော့်အိမ်ရှင်မ မျက်နှာတိက ရွာချဖို့ပျင်နီ ရေ မိုးရိပ်ခဲတိပိုင်။ မျက်လုံးတိက ဆောက်တည်ရာမရ။
"မမြင်လိုက်ကာ...အမိသေမှာ ဝတ်ထားရေ မနင်း"
"အေ...ဝတ်ထားရေ။မိုးထကသိမ့်ရှိရေ။ ဝက်အူချောင်နီလို့တောင် မကြာမကြာစမ်းနီစော်ချင့်"
"အမိသေမှာ ဇာမာကျကျန်ခကမသိ"
"အေ..ရှာပီးပလင်တစ်ချက်။ရပ်ကြည့်နီကာ"
ဒေါသသံတိပါလာဗျယ်။ကျွန်တော့်ဖက်ကို အပူပတ် ပါလတ်ဖို့ချင့်။ ရှာကြည့်ရဖို့ချက်။ ကျွန်တော် ဟိုနားတစ်ချက်၊ ဒေနားတစ်ချက် ရှာကြည့်မိရေ။ မရ။ ကျွန်တော့်အိမ်ရှင်မ တော့ခါ အိပ်ယာတိ၊ဂေါင်းအုံးတိ၊ ခြင်ထောင်တိပါမကျန် ရှာလီ ယင့်။
အော်...ကျွန်တော့်အိမ်ရှင်မလေ့ စိတ်မကောင်းဖြစ် ဖို့၊ နှမြောဖို့နမ်းရာ။ ကျွန်တော်နဲ့ရရေလောက်ကပင် တစ်ခုလေ့ ဝယ်ထည့်ပီးနိုင်စော်ကမဟုတ်။ သူ့အမိ အဖရို့ဘက်ကပီးလို့ ဝတ်နီရစော်။ သူ့ခမျာလေ့ သနားဖို့ကောင်းရေ။
ယာ...ငိုနီယာ။ ဟူး.....မမဆိုစွာလေ့ တေ့ကျကေ ငိုဖို့တတ်လာမသိယာ။ ကျွန်တော် အသာချေ အိမ်ရှင်မနားကို တိုးလိုက်တေ။
"မငိုကေ့ဟေ...ပျောက်ဖို့ကံပါလို့ ပျောက်စွာလို့ မှတ်လိုက်ဖိ။ အမိသေလေ့ ဟိုလား၊ဒေလား၊ လားပစ်ခီယာ။ ဇာမှာကျကျန်ခကမသိ။ ဈီးမှာကျကျန်ခလာ။ မဟုတ်ကေ ခေါင်းလျှော်ရေဆိုင်မှာယက် ကျကျန်ခရေဟန်။ ထားဖိ ထားဖိ။ ငါ နောက်တစ်ခု ဝယ်နိုင်အောင်ကြိုးစားမယ်.."
ကျွန်တော်က စိတ်သက်သာရာ ရလိုရငြား ပြောလိုက်တေ။ အိမ်ရှင်မက ကျွန်တော့်ဖက်ကိုလှည့်လာပြီး ကေ မျက်စောင်းတဝင်းဝင်းနဲ့...
"ရဖို့ယေ...အဖသေပိုင်လုပ်နီလို့။ မေမေရို့ ဘာဘာရို့ဘက်က ပီးထားလို့ဝတ်ရစော်ကိုတစ်ခါ။ အမှတ်တရ လေ့ဖြစ်တေချင့်။ အဘာလေ...မပြောချင်ယာ..ဟီး...အီး.."
စကားပြောယင်း ငိုသံတိကပါလာရေ
"ငိုမနီကေ့လေ့ဟေ..အချေလာ"
ကျွန်တော့်နည်းနည်း စိတ်ဆတ်ပါလတ်တေ။ ဟူး..သူရို့ဗျယ်ခံစား။ဇာပိုင်စော်တိလဲ။ကျွန်တော့်စိတ်ထဲမှာ အိမ်ရှင် မကို စကေအလိုမကျချင်။
"အိုး...အရှင်မ....အရှင်မ..အကျွန့်နဒေါင်းကို ကောက်ရလို့ ပြန်မပီးပါက ဖီးကြီးသင့်ပါလီ၊ မိုးကြိုးပစ်ပါလီ၊ မြေကြီ.."
"ဟေး...ဟေး..တန့်ဖိကား..."
သူ့စကားမဆုံးခင် ကျွန်တော့်အသံက ဟိန်းလို့ ထွက်ပါလားရေ။ ဇာဟင့်တိလဲ။စိတ်ထဲမှာလေ့ ကသိက အောက်ဖြစ်လားမိရေ။
"ဇာပိုင်လဲဟေ...မိုးထကဖဲသာအိတ်ကောက် ရလို့ ငါကပြန်ပီးဖို့ပြောခါ မရဗျယ်ဆို။အဂုလေ့အမိသေစော် မရဗျယ်။ အမိသေမှာပျောက်စော် ဇာမှာမှန်းမသိ။ အိမ်မှာရှာ လို့ရဖို့လား။ မိုးထက ဖဲသာပျောက်တေလူလေ့ အမိသေပိုင် ကျိန်လီဖို့ယေ။ ယင်းအတွက်နဲ့ အမိသေ ကျိန်စာကျစော်ချင့်"
ကျွန်တော့်စကားတိက ဇာကိုရောက်လားလဲ ကျွန် တော်မသိ။ ကျွန်တော်ကနှစ်သိမ့်ဖို့၊ စိတ်ပြေအောင်ပြောဖို့ လေ့မတတ်။ ကျွန်တော်ပြောချင်စော်ကို ကောက်ပြောလိုက် စော်ရာ။
ယေကေလေ့ အမိသေ အသံ...တိတ်လားခရေ။
သူ့မျက်လုံးတိက ရီဝေဝေနဲ့ တစ်ခုခုကိုအလေးအ နက်စိုင်းစားနီသယောင်ယောင်။ ဇာလဲလို့ကျွန်တော် မပြော တတ်ပါ။ အော်....သူ့နားဒေါင်းကို နှမြောနီစော်လာ။ ကျွန် တော်ပြောလိုက်လို့ မာန်ပါလားခစော်လာ...။ ဇာချင့်လဲဆိုစော် ကျွန်တော် မသိလိုက်ပါဗျယ်။ အော်...လူ....လူ....။
(အဘာသား)