Wednesday, January 4, 2017

ဝိသမ(ကဗျာ)


ဇာလုပ်လို့ဇာကိုင်မှန်းမသိ
ဇာလားလို့ဇာလာမှန်းမသိ
မဟူရာအနားကွပ်နဲ့ စိန်စီလို့....။
လက်တစ်လုံးခြားမက
တစ်ဘဝထားလို့မီးဇာညှိ
ဂတိမရှိရေ လွဲအသိနဲ့
င/တေ မာဖို့အရေး
ပေါင်ကိုလှန်ထောင်းပနာ အံကြိတ်
ငါဆိုရေ ဟိတ်ဟန်အပြည့်နဲ့
ဇာလုပ်လို့ ဇာကိုင်မှန်းမသိဘဲ
စိန်တိကို မဟူရာကွပ်လို့ထော....။
                            အဘာသား

No comments:

Post a Comment