Wednesday, January 4, 2017

ကာလတိကြားက ငါရို့မြီ(ကဗျာ)


အတိတ်,
ရွှေအိုရောင်တဖိတ်ဖိတ်
တိမ်အလိပ်လိပ်တောင်ပြိုကျလုလု
ဇာသူဇာပိုင်ပင်လာလာ
မိုးမခရေသဇင်တိက
မွှီးလို့၊ ကြိုင်လို့
ဧကရာဇ်ဆိုရေ ပလ္လင်က
ရွှေအိုရောင် ဓမ္မသတ်ကိုပိုင်းဖြတ်
ကမ္မည်းတိ အထပ်ထပ်တင်ခရေ
ငါရို့ ...နီရာ။
ပစ္စုပန်,
မြေနီရောင်လမ်းကြားမှာ
သစ္စာပန်းတောင်အနိုင်နိုင်
စိတ်မခိုင်ကေ
ဈာန်အယိုင် မြေစိုင်မှာ ခလုလု...
အတ္တမိုးသားတိ
မာန တိမ်လိပ်တိက
သီလဆိုရေ တံတိုင်းကိုကျော်ဖြတ်
အထပ်ထပ်တက်နီရေ လှိုင်းလုံး
ရာဇကုန်းကိုတောင် ဖုံးလားခဗျယ်ကား...
အနာဂတ်,
သမိုင်းကြားထဲက ဓာတ်တောင့်တစ်လက်
သင်ခန်းစာတိ
နောင်တ တရားတိ
ခါးပိုက်မှာအပြည့်နန့်
ကျောပိုးထားရေ မြှားစူးအတွက်
ဗဟိုကွက်တစ်ခုကိုအရောက်
မင်းရို့...
ငါရို့...
အဇိန်ဇိတ်ကေ ကစပ်ကတ်မေ...။

                            အဘာသား

No comments:

Post a Comment