Thursday, December 8, 2016

ဘုရင့်ကိုယ်စားပြုအသင်းများ(ကဗျာ)

"ဘုရင့်ကိုယ်စားပြုအသင်းများ "
၁။  ။ကျနော်ရို့အသင်းက လိမ္မော်ပါ
      မာရယုလို့ ခေါ်တွင်လာ
      ရခိုင်မှာမင်းအစ အားလုံးမှတ်ယူရ။
၂။  ။စန္ဒသူရိယ ပင့်လျှောက်ပနာ
      ဗုဒ္ဓရှင်မြတ် ကြွရောက်လာ
      ဓညခေတ်မှာ သာသနာလင်း
      ကြိုးစားကတ်မေ အဝါအသင်း။
၃။  ။စိုင်းဒြားမင်းက ဝေသာလီ
      ကျောက်လှေကားမြို့ကြီးတည်ခလီ
      ခေါတ်နဲ့အညီ တိုးတက်ဖို့
      အစိမ်းအသင်းက လုပ်ဆောင်ဖို့။
၎။  ။လေးမြို့ခေတ်က မင်းထီးအသျှင်
      တန်းတူညီတူ တရားစီရင်
      အနီကိုမြင် ကျနော်ရို့အသင်း
      ရခိုင်ပြည်ကြီး ဘေးရန်ရှင်း။
၅။  ။အပြာအသင်းက ဘုရင်မင်းဘာ
      မြောက်ဦးခေတ်မှာ ကြီးစိုးလာ
      မြို့ဘင်္ဂါ ဆယ့်နှစ်ခု
      သိမ်းပိုက်ခလို့ သမိုင်းပြုစု။
၆။  ။အဂုက စလို့ မှတ်စရာ
      အသင်းငါးသင်းပါ
      မာရယု စပနာ မင်းစန္ဒ
      စိုင်းဒြား မင်းထီး မင်းဘာရ။
                         (အဘာသား)

No comments:

Post a Comment