Thursday, December 8, 2016

မြေဖြူတော်လှန်ရေး(ကဗျာ)

မြေဖြူတော်လှန်ရေး
......................
အမျိုးသားရေး၊ မျှော်ကာတွေး၍
မအေးရင်မှာ၊ သောကဗျာနှင့်
လျှောက်လာခဏ၊ လူ့ဘဝ ဝယ်
ကြွယ်ဝဖို့ရေး၊ မျှော်မတွေးဘဲ
လူမွှေးလူရောင်၊ မပြောင်ရှာသည်
ဆရာဟူသော ကျောင်းဆရာများ.....။
မြေဖြူကိုကိုင်၊ စိတ်ခိုင်ခိုင်နဲ့
ရခိုင်အမျိုး၊ စဉ်ဖွံ့ဖြိုးဖို့
ကိုယ်ကျိုးမပါ၊ ငွေမလာလည်း
ဝမ်းစာလျှော့ထား၊ ချွေတာစားကာ
မျိုးအားတိုးစေ၊ မေတ္တာဝေသည်
မြေဖြူကိုင်သော ရဲဖော်များ......။
နောင်များတစ်ခေတ်၊ ထွန်းပေါ်ဖြစ်သော်
မျိုးချစ်ပြည်ချစ်၊ ဆရာစစ်တို့
ပျိုးဖြစ်ခဲ့သည်၊ ပန်းဥယျဉ်သည်
ရွှေစည်ငွေစည်၊ တီးကာမြည်လျှက်
ခိုင်ပြည်တစ်ဝှမ်း၊ လက်နက်ယမ်းများ
မလွှမ်းစေဘဲ၊ ပြည်ထဲရေးကို
ကိုယ်ပဲလုပ်ဆောင်၊ ထွန်းပြောင်စေဖို့
ခုဝယ်အစ၊ တိုက်ခိုက်ကြမည်
မြေဖြူကိုင်၍တော်လှန်ရေး.....။
                      (အဘာသား)

No comments:

Post a Comment