ကြောက်စိတ်
နွီရာသီဆိုစော် ပူပြင်းခြောက်သွိပြီးကေ နပူကျကျာနဲ့ ပျင်းစရာ။ရွက်ဟောင်းတိကြွီ ရွက်သစ် တိဝီဖို့အတွက် အပင်တိက ကျိုးတိုးကျဲတဲ။ ဇာအရာပင်မဆိုပျင်းစရာ ဂျီးယာဖြစ်နီရေ။ သဘာဝဆိုစော်လေ့ စိမ်းတစ်ခါ ပြာတစ်လှည့် စိုတစ်ခါခြောက်တစ်လှည့်။ နွီနီတပေါင်း အခါကောင်းလည်း ရွက်ဟောင်း ရွက်သစ်မရှိဖြစ်လို့် တွေးလိုက်တိုင်းလည်း လွမ်းမိရေ။ ဇာကြောင့်တော့ခါမသိ။
နွီတစ်ရာသီစော် ကျနော်ရို့ကျောင်းဆရာတိ အတွက်အားလပ်ချိန်။ အခြားအလုပ်တိကိုလုပ်လို့ ရရေကာလ။ယေကေလေ့ ကျနော်ကတစ်ခုလေ့မလုပ် ။အိမ်မာတပ်ထရံပင်မကာ။စာအုပ်ချေတစ်မြမြနဲ့ ဇိမ်ကျရေဘဝကို င/ပျင်းလို့ဆိုဆို မက်မောမိစော်က ကျနော့်အာသီသ။
နွားတိရီတိုက်လို့ပြန်လာကတ်ယာထော။ ပူပြင်းရေအချိန်မာ နွားကျောင်း နွားရီတိုက်ရစော်လေ့ မလွယ်။ဒေနှစ်ရွာတိုင်းလိုလိုမာ ရီရှားရေ။ ကန်တိက ခြောက်ခန်းလားဗျာယ်။ သောက်ရီတောင် ဘုန်းကြီး ကျောင်းကန်က ခတ်နီကတ်ရယာ။ ဒေရခိုင်ပြည်မာ မိုးရီချိန်လက်မ ၂၀၀ကျော်ကေလေ့ နွီရာသီမာရီရှား စော်ဇာသူ့ကိုလားလို့အပြစ်တင်ခီရဖို့လဲ။ ဟူး........စိုင်းစားလိုက်ကေ အားလုံးကကြောက်စရာ။
''အဖသေ. အဖသေ ဇာစိုင်းစားနီလေ။ လစာထုတ်ဖို့လားဖို့ဆို။ ထော ၄နာရီတောင်တီးဖို့ယာ။ ရီမိုးချိုးပြီးကေ လားဖို့ပျင်ဖိ''
''အူး.....အင်.....အမ်း....''
ကျနော် အပျင်းအရှည်ကြီးတစ်ချက်ထုတ်လိုကိတေ။ ပြီးမှ
''အေးဟေ...လားဖို့...လားဖို့ကား...''
''ကိုင် ထဖိလားဖို့ဆိုကေ။ ဆိုင်ကေမာထည့် ဖို့ဓာတ်ဆီလေ့ဝယ်ထားယာယေ။ စာအုပ်ကိုင် ထိုင်နီလို့ ဇာရဖို့လဲ။''
''စာအုပ်ကို အပြစ်မတင်ကေ့ဟေး...ထဗျာယ်ကား'' ကျနော် တိုတိုတုတ်တုတ်နဲ့ စကားဖြတ်ပြီးကေ ရီချိုးဖို့ထလိုက်တေ။
"ကြောက်စိတ်"
.......................................................................
(၂)
စကားဝိုင်းကပိုလို့သွက်လာရေ။ မသွက်လို့ကရဖို့်လား။ ဒေပိုင်နီရာသီ ဆိုကေ လကုန်ရက်မှ လုပ်ဖော်ကိုင်ဖက်တိနဲ့ တွိကတ်ရစော်။ တွိကတ်တိုင်းလေ့ ကောင်းဘယဆိုင်မာ အနီချေတိထောင်ဖြစ်ကတ်တေ အဂုလေ့ ဝိုင်းအလယ်ကပုလင်း ၄ပုံ၃ပုံလောက်ကျွတ်ပါလားယာ။ ပရီးမီးယားဆလိပ် ဇာနပွဲ ကုန်ဗျာယ်မသိ။ ဆရာကောင်းမြတ်ဆိုကေ မျက်စိက ရရီဝဝေနဲ့ ဆလိပ်ကိုအဆုပ်ထိရောက်အောင် ရှိုက်နီဗျာယ်။ ကျနော်လေ့ ခေါင်းလှုပ်တုတ်တုတ်။
"အဝေး ....ခင်မောင်...မင်းရို့ရွာဖက်လားလမ်းမာ ကားတိ ဆိုင်ကေတိ မှောက်ကတ်တေလို့ကြားကာ ဟုတ်လာ "
သံသရာရွာ ဆရာဖြစ်တေ ဆရာစံက ကျနော့်ကို ကင်းစွန်း ကြော်စားယင်းမီးလာရေ။
"အေး...ဆရာ....ကြားရေကာ။ လမ်းကကောင်းရေမနင်း မောင်းရေလူတိက မဆင်မခြင် မောင်းစော်ကို.."
ကျနော်က သောက်လက်စ ဆလိပ်ကိုပြာခါယင်း ပြန်ပြောလိုက်တေ။ ဆရာကောင်းမြတ်ကတော့ခါ စကားမပြောဘဲ နောက်တစ်ခွက် မော့ချနီရေ။ ဆရာစံကလေ့ သူ့တာဝန် မကျီဖို့စွာ ကြောက်တေရှိဖို့ သူ့ရှိမာရှိနီရေ ခွက်ကို အသာမော့ချပြီးမှ ကျနော်ဖက်ကို လှည့်ဗျာယ် ....
"ဒေပိုင်လေ့ တစ်ခုကြားရေကာ"
"ဇာပိုင်လဲ ဆရာ "
ကျနော်စိတ်ဝင်စားလားရေ။ ဇာပိုင်ကြားလေ။ ကျနော် ဆရာစံ စကားကို စောင့်နီမိရေ။ ဆရာစံက ဆလိပ်ကို အားရပါးရ ရှိုက်လိုက်တေ ပြီးမှ..........
"မင်းရို့ အုတ်ဖိုကန်ရွာဖက်လားလမ်းက အဘောင်တော် အင်း ဂေါက်ကွေ့မာ ညဇာဖက်သား ကားတိ ဆိုင်ကေတိ လားကေ မမ တစ်ယောက်စီ လက်တားရေလတ်။ အပြီးကေ ကားရှိ ဆိုင်ကေရှိကို ပြီးပနာ ဝင်တိုက်ရေဆိုကာ။ ယကေ လာရေကားတိဆိင်ကေတိစော် မှောက်ယာဆိုယင့်။ မင်းရို့ရွာလားလမ်းလေ့ မှောက်လေ့ ကောင်းမှောက် ကတ်တေဝေး။ အရာ မင်းလားဖို့စော်ကို ခြောက်စော်မဟုတ်ကား။ ယင်းပိုင်တစ်ခုကြားလို့ပြောစော်ယာ။ မင်းကမကြားလား .."
"မဟုတ်ကဟုတ်က ဆရာ။ ဇာ မမ လာလို့တားဖို့လဲ။ ကျနော်ယက်ပြတ်လားနီစော်။ညည့်မပြောကေ့ သိုင်ခေါင်မာလေ့ အရေးကြီးကေလားနီစော်ယာ။တစ်ခါလေ့မတွိပါကာ။ ကိုယ့်အပြစ်ကို သူများထိုးချချင်လို့ချင့်။ ကျနော်က ဆရာခြောက်ကကြောက်ဖို့လို့လား.."
ကျနော့်အသံ ဒေါသသံပါလားလာမဆိုနိင်။ ဆရာစံ တနားတိန်းလားရေ။ တနားလောက်မှ
" မသိပါဝေး.....ယင်းပိုင်တစ်ခု ပြောနီကတ်လို့. "
ဆရာစံ အသံက ကျနော့်စကားကို စိင်းစားနီရေ ပုံစံမျိုး။ တနားမှ ဆက်ပြီးကေ လက်ကျန်တစ်ခွက် မော့ချလိုက်တေ။
"ဆရာခင်.....တန့်ကတိဖို့ယာ...ကျနော်မနိုင်ယာ"
ဆရာကောင်းမြတ်က ခေါင်းငိုက်စိုက် ကျဗျာယ် ဝိုးတိုးဝါးတား ပြောလာရေ။
"ယကေ ဆရာစံဝါ...ဆက်ဖို့သိလား....ဆရာကောင်း ကတော့ခါမရယာလတ်ထော.."
ကျနော်က ဆရာစံကို သွီးထိုး မီးလိုက်တေ။
"တန့်ကတ်ဖို့နမ်းရာ..ခင်မောင်...နီလေ့ဝင်လားယာ။ ထော ၈ နာရီတောင်ကျော်ဗျာယ်..."
"ကိုင် ယကေ တန့်ကတ်ဖိုနမ်းရာ "
ကျနော်ရို့ရေ ဆိုင်မာဖဲသာ ရှင်းပြီးကေ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ယင်း လမ်းခွဲ လိုက်ကတ်တေ။
💝💝💝💝💝💝💝💝💝
(၃)
ကျနော် လီဘာကို ၆၀ km\h အထိ ဆွဲတင်လိုက်တေ။ လမ်းက ရှင်းနီစွာကို။ လမ်းကလုပ်ပြီးစ ကွန်ကရစ်လမ်းဖြစ်လို့ ဂုပိုင်နီရာသီမာ လမ်းကအပူဟပ်တေ။ ယေတောင်ညဇာဖက်ဖြစ်လို့သိမ့်။
မြို့ပြင်ရောက်လာယာဖြစ်လို့ လမ်းမာလူတိကမရှိ။ ကားမီးရောင်ပင် မတွိရ။ လမ်းတစ်လမ်းမာ လူတစ်ယောက် ဆိုင်ကေတစ်စီးနဲ့ ဆိုစော် ကျနော်ရာ။လမ်းမီးတိုင်လေ့မရှိ။ လမ်းဘေးအောက် ဝါးတစ်ပြန်က စိုက်ထားရေ မဟာဓာတ်အားလိုင်း ဓာတ်တိုင်တိက ဝါးတားတား။ ကျနော် ဆိုင်ကေမီးကို ဖွင့်လိုက်တေ။ လမ်းမာ ကြောင်တစ်မြီး ခွီးတစ် ကောင်မရှိ။
လီကတသုတ်သုတ်နဲ့ ဆိုင်ကေမောင်းရစော် အရှိန်ရလာရေ။ မိနစ် ၂၀လောက်ရာလားရရေ ကျနော်ရို့ရွာက မြို့နဲ့မနီးမဝီး။ ထော ....အဘောင်တော် အင်းကိုတောင် ရောက်ပါလတ်ယာ။
ကျနော်နည်းနည်းလောက် ကြောစိမ့်မိရေ။ ကျနော်လေ့ကြားထား ရေ။ဒေနားမာ ကားတိ ဆိုင်ကေတိ မှောက်ကတ်စော် မမ တစ်ယောက် လက်တားပြီးကေ ဝင်တိုက်လို့လတ်။ ဆရာစံလေ့ ဇာကကြားထားမသိ။
ကျနော်ဆိုင်ကေကို ပိုလို့ အာရုံစိုက်လိုက်တေ။ ဆိုင်ကေမီးကျရာ ကိုတတည့်ကြည့်ဗျာယ် မောင်းလာရေ။လီတိုးသံတိက တဝူးဝူး။
လမ်းဂေါက်ကွေ့အရောက်မာ မမဲသဏ္ဌာန်တစ်ခု။ သေချာလေ့ မကြည့်ဝံ့။ ဇာချင့်လဲ..။ လူတော့ခါလူထင်ရေ။ ဟုတိတေ မမ တစ်ယောက်။
ကျနော်ဆိုင်ကေကိုပိုလို့ ဂရုစိုက်လိုက်တေ။ ရှိဘီးနည်းနည်း တုန်လာပိုင်တွိရေ။ကျနော်ပိုလို့သတိ ထားလိုက်မိရေ။
" အဖသေ.......အဖသေ..."
မမ နားကဖြတ်လားခါ ကြားလိုက်ရရေအသံ။ကျနော့် အိမ်ရှင်မ အသံပိုင်။ ဟုတ်တေ မကောင်းဆိုးဝါးဆိုစော်က အသံတိအမျိုးမျိုး ပရိယာယ်အမျိုးမျိုးနဲ့ လှည့်စားတတ်တေလတ်။ ကိုနဲ့ရင်းနှီး ပိုင် အသံတိ ပြပြီးကေ \ အမျိုးမျိုး ဖျားယောင်းပြီးကေ အသီသတ်ဖို့စော်ယာချင့်။ မဖြစ် ။ တန့်လို့မဖြစ်။ ကျနော်ဆိုင်ကေကို ဂရုတစိုက်ဆက်မောင်းပါ လတ်တေ။ ဆိုင်ကေရှိဘီး လီမရှိယာ၊ ပိုလို့ တုန်ပါလတ်တေ။ ကျနော့် ရင်တိလေ့ ဆိုင်ကေစက်သံနဲ့အတူ တဒုန်းဒုန်း တတိုင်းတိုင်းမြည်လို့။ ဇောချွေးတိက တစ်ခန္ဓာလုံးစွတ်နီယာ။ ယေလေ့ ဆက်မောင်း ပါလတ်တေ။
သောက်လာရေ အရက်ခိုးချေတိ ဇာကိုရောက်လားမသိ။ အသိနဲ့ သတိက ရင်ထဲမာ တလှုပ်လှုပ်။ ရီသောက်ချင်ပါလတ်တေ။ ချွေးတိကစို ရင်ကငိုလို့ မိုးပြိုဖို့စော် ကြောက်မိယာယေ။
အကြောက်တရား
ရင်ဝယ်ထားသော်
သင်ကားမုချ
ကျဆုံးရအံ့ ။ ။
"ဟူး.............................."
ကျနော် သက်ပြင်းရှည်ကြီးတစ်ချက် ထုတ်ချလိုက်တေ၊
💝💝💝💝💝💝💝💝💝
(၄)
ကျနော်ဆိုင်ကေနဲ့တပါတည်း အိမ်ထဲကိုဝင်လိုက်တေ။အိမ်မာ မီးတိပိတ်လို့။ တစ်ယောက်လေ့ ရှိပုံမပေါ်။ ဇာလားခကတ်လေမသိ။ ရီသောက်မွတ်လို့ ဘရီက ရီတစ်ခွက်ခပ်သောက်မိရေ။ အိမ်သားတိ ဇားလား ခလေလို့ အိမ်ဘေးက အရီးမသာဦး ကိုမီးကြည့်ရဖို့။ စိုင်းစား ရင်းကျနော် အရီးမသာဦး အိမ်ဖက်ကိုလာလတ်တေ။
" အရီး.....အော ...အရီး...."
" ဝေး....ခင်မောင်လာ"
"ဟုတ်ပါရေ အရီး"
"အေး အေး.....မင်းသားဒေမာဒေ..အိပ်နီယာ...."
" အော်....ယကေအချေအမိပါဝါ "
"ထော....ဟိုဖက်ပိုင်းက ဂေါက်ရမ အချေမွိးလို့ ဆီးရုံကိုလိုက် လားခရေ။လာလီကတ်ဖို့ဗျာယ် ဟန်။ အရာလူတိလေ့လိုက်လခတ်တေ။ လမ်းမာမတွိခလား။ ထော...ဟိုမာ လာကတ်ဗျာယ် အုပ်စုပြတ် "
ကျနော် အရီးမသာဦး လက်ညှိုးညွှန်ပြရာ ဖက်ကိုကြည့်လိုက်တေ။ ကျနော့်အိမ်ရှင်မကရှိက။ နောက်က အရီးယက်သဲဖြူ ၊ အရီးဖြူချေ ၊ အရီးမသာလှ အရာလေ့ပါကတ်သိယင့်။ ကျနော်ကြည့်နီယင်းပင် ကျနော့်အိမ်ရှင်မရို့အဖွဲ့ အရီးမသာဦးအိမ်နားကို ရောက်ပါလတ်တေ။
" အဘာလေး....ကျောင်းဆရာ....ကျောင်းဆရာ ရို့ကဆိုင်ကေ စီးရရေဆိုတိုင်း....ကောင်းဂိုက်နဲ့မနင်း ။ မယားသေခေါ်စော်တောင် လှည့်မကြည့်။ ငါရို့ခေါ်ဖို့ဆိုကေ ထားဖိ။ ထွေလာတစ်စီး ရှာခိုင်းဖို့လို့ ၊ အားကိုးကမရ "
အရီးဖြူချေက အော် ဗျာယ်ကျနော့်ကို အပြစ်ဆိုလာရေ။ ကျနော်က တော့ခါ တစ်ခုလေ့ပြန်မပြော တတ်ဗျာယ်။ ကိုယ့်ုကိုကိုယ်ရာ စိုင်းစားနီ မိရေ။ အော်...ကြောက်စိတ်တစ်ခုဆိုစော် အမှားအမှန်ကို ခွဲခြားမသိ နိုင်ရေသဘောတစ်ခုလား ။ ကျနော်ရို့ ဘလောက်ကြောက်လာကတ်ယာ လေ။ ဇာကိုကြောက်လို့ကြောက်မှန်းမသိ။ ဇာမဟုတ်တေ မမ တစ်ယောက်လေ့ ကြားရုံနဲ့ကြောက်ခကတ်တေ။ ပရိယေတိ မာယာတိ ပလောက်များများ ကျနော်ရို့ကြောက်စရာလား ။ ကျနော်ရို့ မကြောက်သင့် စော်ကိုလေ့ကြောက် ကြောက်သင့်စော်ကိုလေ့ကြောက်ခကတ်တေ။ အရာ ဇာလောက်အထိ ကြောက်ရဖို့သိလဲ။
ကျနော်ရို့ အမှန်ကြောက်ရဖို့စော်က. ကြောက်တတ်တေစိတ် ဖြစ်ဖို့ စော်ကို ကြောက်ရဖို့စော်ရာ။ ဒေကြောက်စိတ်ကြောင့် ရုန်းထဖို့ အားတိ ကုန်ခကတ်တေ။ မြင်မြင်သမျှကိုကြောက်။ ကြားကြားသမျှကိုကြောက်။ ခွီးကိုလေ့ကြောက် ကြောင်ကိုလေ့ကြောက်။
အိုး....အမောင်ယောက်ကျား ဇာနီဖွား
တောင်ကိုထွင်းဖောက်
တောကိုလျှောက်လို့
မကြောက်တရား
ပြည်ရွာ ကြားအောင်
အင်အားပြည့်နဲ့ အော်လိုက်ပါ
" ငါအောင်ဗျာယ် ငါအောင်ဗျာယ်"
"ငါ့စိတ်ကိုငါအောင်ဗျာယ်"
"ကြောက်စိတ်ကို ငါအောင်ဗျာယ်"
(အဘာသား)
ကျမ်းမာကတ်ပါစီ ချမ်းသာကတ်ပါစီ ကြောက်စိတ်တိကိုဖျောက်နိုင်ကတ်ပါစီ
No comments:
Post a Comment