Sunday, December 11, 2016

အတောင်စုံရေငှက်(ဝတ္ထုတို)

       "ကောင်းမြတ်"သူတစ်ယောက်ဘွဲ့ရဗျယ်ထော။ အရာဇာလုပ်ဖို့လဲ" ရွာထဲမှာကကောင်းခေတ်စားနီရေစကား တစ်ခုပါ။လူတိုင်းပါးစမှာရီပန်းစားနီရေ မီးခွန်းဖြစ်နီပါရေ။ မီးလေ့မီးကတ်၊ပြောလေ့ပြောကတ်ပါဖို့နမ်းရာ။ ဒေရွာမှာ ဆယ်တန်းအောင်ပြီးကေ ဘွဲ့ရစော်ဆိုလို့ ကောင်းမြတ်သူ တစ်ယောက်ရာရှိစော်ကို။တစ်ရွာမှာတစ်ယောက်ထွန်းရေ သားပါရာမနင်း။အရာလူတိက ၄-တန်းအောင်ကေ ကျောင်းထွက်ဗျယ် အငှါးခံရစွာယာ။ တစ်ယောက်လေ့ မြို့ကို လားလို့စာသင်ကတ်စော်ကမဟုတ်။
          ကောင်းမြတ်သူအမိ ဒေါ်မိခိုင်တစ်ယောက်ရာ မဆမ ဖြစ်ကေလေ့ သားကိုစာသင်စွာ။ လင်သေရှိရေလောက်ကပင် လယ် လေး ငါး ချိုင်းထွန်ဗျယ် လူရိုသေရှင်ရိုသေနီလာစော် အဂုထက်ထိဆိုဖိ။ ကောင်းမြတ်သူ ၇-တန်းရောက်ခါ အဖသေ သီလားခကေလေ့ မိခိုင်က ဒေလယ်ကိစ္စတိကိုားလုံးဖြေ ရှင်းနိုင်ပါရေ။ စီးပွားရေးကျဖို့ဆို ပိုလို့တောင် စီးပွားဖြစ်လာ သိမ့်ယင့်။သားဖြစ်တေ ကောင်းမြတ်သူကိုလေ့ လူပါးမှာ အောက်ကျနောက်ကျ မဖြစ်ရအောင် ၅-တန်းကပင်မြို့မှာ စား စရိတ်၊နီစရိတ် ပီးပနာ စာသင်ပါလတ်စော် အဂုဆိုကေ ဘွဲ့တောင်ရလားခဗျယ်။တစ်ရွာလုံးက ချီးကျူးကတ်၊ ဝမ်းသာ ကတ်နဲ့ ရွာထဲမှာ စတားဖြစ်နီစော် ဇာဆန်းပါဖို့လဲ။
           ကောင်းမြတ်သူကိုချီးကျူးလေ့ချီးကျူးစရာ။ ဝချေ တန်းကပင်ဆယ်တန်းအောင်ဘွဲရရေအထိ တစ်တန်းမှာလေ့ ရှူခလို့မရှိ။ တစ်တန်းပြီးတစ်တန်း အောင်ပါလားစွာဗျယ်။ အမိသေ မိခိုင်မှာရာ သားအတွက်ဝမ်းသာလို့မဆုံး။ ပြည့်နီ ရေလမျက်နှာပိုင် အမြဲတမ်းကြည်လင်သန့်ရှင်းနီရေ။ သားအတွက် ဂုဏ်ယူရေစိတ်၊ ဝမ်းသာရေစိတ်နဲ့ ဒေဘဝမှာ သီတောင်သီပျော်ယာဆိုယင့်။ တစ်ဘဝမှာတစ်ယောက်တည်း ရတတ်တေသားချေတစ်ယောက်လေ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်စော်ကို ဇာအမိကလေ့ ဝမ်းမသာဘဲနီဖို့စွာ။
            အမိကရွာမှာမျက်နှာဖုံး၊ သားကရာ ရွာမှာစံပြ။ ဇာမဆိုအဆင်ပြေနီရေ သားအမိနှစ်ယောက်။ တစ်ရွာလုံးက အားကျနီကတ်စွာ အဆန်းမဟုတ်ပါဗျယ်။
            ကောင်းမြတ်သူအဖိုး ဒေါ်မိခိုင်အဖဆိုကေလေ့ ရွာမှာရွာသူကြီးလုပ်ခယင့်။ အယင်ခေတ် ဘုန်းကြီးကျောင်း ထွက်။အသတ်ကြီး၊အသတ်ချေ၊လောကနိတိ၊သုတ္တံ၊ဝါးတွက်၊ စပါးတွက်၊သစ်တွက်တိအားလုံးတတ်တေ။ ရွာမှာအရေးတစ် ခုခုကြုံကေ ကောင်းမြတ်သူအဖိုးဘက်ကိုလားဗျယ်မီးရစော် ယာ။ကောင်းမြတ်သူအဖိုးက ကောင်းသိစွာရာမနင်း။ တိုင်းပြည်အကြောင်း၊နိုင်ငံအကြောင်း၊ ဝတ္ထုတိ၊ ပုံပြင်တိ ပြော တတ်စော်မှာလေ့ ဒေရွာမှာတစ်ယောက်လေ့မမွီ။
              အစိုင်အလာတစ်ခုဆိုရဖို့လားမသိ။ကောင်းမြတ် သူအဖိုးလေ့ကောင်းမြတ်သူအမိကို စာသင်ခရေ။ ကောင်းမြတ်သူအမိရာ ၄-တန်းအောင်ကေ စာကိုစိတ်မဝင် စားဘဲ လယ်ထဲဆင်းဗျယ် လယ်မှာဝင်လုပ်ခစော်။ စာကိုက စိတ်မဝင်စား။ လယ်ကိစ္စတိကိုရာ စိတ်ဝင်စားရေ။ ကောင်းမြတ်သူအဖိုးမှာရာ သမီးကိုစာတတ်စီချင်စွာ။ သမီးတစ်ယောက်ကိုရာမဟုတ်။ ရွာမှာရှိရေသမီးနဲ့အရွယ်တူ အချေတိကိုစာသင်ကတ်ဖို့၊ ကျောင်းတက်ကတ်ဖို့ ယက်ပြတ် ပြောနီယင့်။ယကေလေ့ တစ်ယောက်လေ့ မသင်ကတ်။ ကျောင်းကထွက်ဗျယ်နွားကျောင်း၊ဟင်းခူး အလုပ်လုပ်ကတ် စွာယာ။အချိန်တန်ကေ လင်ရ၊မယားယူ၊အချေမွီးဗျယ် ယင်းပိုင် နီကတ်တေ။ကောင်းမြတ်သူအဖိုး ဇာပိုင်ပင်ပြောပြော အရာလူတိက စိတ်မဝင်စားကတ်။
            ရွာမှာအဂုရှိနီရေ စာသင်ကျောင်းချေတစ်ကျောင်း တောင်မှ ကောင်းမြတ်သူအဖိုးကြိုးစားမှုနဲ့ရခစော်။ ကိုယ့်ဘက် ကဖဲသာအကုန်အကျခံဗျယ် မြို့ကိုလား ဟိုကိုလား ဒေကိုလား နဲ့ နောက်ဆုံးခါ ဝါးခင်း၊ဝါးကာ၊အုန်းမိုး မူလတန်းကျောင်းချေ တစ်ကျောင်းဖြစ်လာစော်ပါ။ တစ်နှစ်တစ်နှစ်ကျောင်းသား ၂၀-၃၀ထက်မပိုရေဒေကျောင်းမှာ စပါးတောင်းကျောင်းဆရာမ
ချေတစ်ယောက်ငှါးဗျယ် နှစ်တိုင်းသင်နီရစော်က အဆန်းမ ဟုတ်။ ကောင်းမြတ်သူအဖိုးလက်ထက်ကပင်စလို့ အဂုထက် ထိဒေကျောင်းထွက်ဘွဲ့ရဆို့လို့ အဂုကောင်းမြတ်သူ တစ်ယောက်ရာရှိစွာပါ။ ယေတောင်မှ ကောင်းမြတ်သူအမိ ကောင်းကောင်း ပညာရေးကိုအလီးပီးလို့ လို့ဆိုရဖို့။ သူ မသင် ချင်ခရေပညာကို သားကိုတတ်အောင်သင်ခစွာ။ အပြီးကေ ကောင်းမြတ်သူအမိမှာ ရည်ရွယ်ချက်တစ်ခုရှိရေ။ ကောင်းမြတ်သူအဖိုးဖြစ်ချင်ရေဆန္ဒဆိုကေ မှားဖို့မဟုတ်။ ဇာ ချင့်လဲဆိုကေ ဒေရွာမှာ ဒေရွာထက်ကကျောင်းဆရာတစ် ယောက်ရှိဖို့လိုရေကိစ္စ။ဒေရွာကကျောင်းဆရာရှိမှရာ ဒေရွာက အချေတိစာတတ်ဖို့စွာ။အပြီးကေကိုယ့်ရွာကိုယ့်ဇာတ်ဆိုပိုင်၊ ကိုယ့်ရွာအကြောင်းကိုယ်အသိဆုံးမနင်း။ကိုယ့်ရွာအတွက် ကိုယ်ရို့မလုပ်ဆိုကေ ဇာသူရို့ကလာလုပ်ဖို့လဲ။ ဒေကိစ္စကို တစ်ရွာလုံးကလေ့ သိပြီးသား။ ယင်းအတွက်နဲ့ဖြစ်လို့ တစ်ရွာ လုံးက ကောင်းမြတ်သူတစ်ယောက်ဘွဲ့ရယာ။ အရာဇာလုပ်ဖို့ လဲ သိချင်နီကတ်စွာ။ အားကိုးရေစိတ်လေ့ပါချင်ပါဖို့။ သိချင်ရေ စိတ်လေ့ပါချင်ပါဖို့။ ဇာပိုင်ပင်ဆိုဆို တစ်ရွာလုံးကတော့ခါ ကောင်းမြတ်သူ ဇာလုပ်ဖို့လဲဆိုစွာ သိချင်နီကတ်ယင့်။
           တစ်ချို့တစ်လီက ကောင်းမြတ်သူကို လက်တို့လို့ မီးကြည့်ကတ်တေ။ တစ်ချို့တစ်လီက"ကျာင်းဆရာလုပ်ဝေ"
လို့အားပီးကတ်ယင့်။ ကောင်းမြတ်သူ လုပ်ချင်၊မလုပ်ချင်တော့ခါ မသိ။ တစ်ခုလေ့ပြန်လို့ကမဖြေ။ သူ့မှာလေ့ ရည်ရွယ်ချက်ရှိ ချင်ရှိဖို့။ ဇာပိုင်တော့ခါမသိဗျယ်။
................................(၂).................................
              တစ်ရက်နိ အမိသေမိခိုင်က
           "သား......ကောင်းမြတ်သူ..လာ.....ထိုင်။မေမေ ပြောစရာရှိလို့.....လာ..."
           အမိသေဒေါ်မိခိုင်ပြောစွာကိုကြားရေခါ ကောင်းမြတ် သူရေ ဖတ်နီရေစာအုပ်ကိုချဗျယ်
           "ဟုတ်ပါယင့်မေမေ" ဆိုဗျယ် အမိသေအနားမှာရှိရေ ခုံမှာဝင်ထိုင်လိုက်တေ။ အပြီးကေ ထူးထူးဆန်းဆန်းအဂုပိုင် ခေါ်ပနာ စကားပြောရေအမိသေကို စစိနနိုင်ကြည့်နီမိရေ။တစ် နားချေကြာခါမှ အမိသေဒေါ်မိခိုင်က
           "သား...ကောင်းမြတ်သူ....မေမေတော့ခါ သားလောက်စာမတတ်။သားကိုလေ့နားဝင်အောင်ပြောတတ်ဖို့ မဟုတ်။ယေလေ့ မေမေပြောတတ်တေပိုင် ပြောဖို့ယာနမ်း" ဒေါ်မိခိုင်အသံတိက မကြည်မလင်။တစ်ခုခုကို စိုင်းစားနီပိုင်။
            "ပြောပါမေမေ...သားနားထောင်နီပါရေ၊ ဇာ..ပြောဖို့ စွာပါလေ" သားက အံ့သြမှုစကေနဲ့ပြန်ပြောရေခါ
           "ပြော...ဖို့စော်က...ဇာပိုင်ပြောရဖို့လဲဝေမင်းရေအဂု      ဘွဲ့ရဗျယ်နမ်း..."
            "ဟုတ်ပါရေ မေမေ"
             "အင်း.....မင်းဘွဲ့ရကေ အရာဇာလုပ်ဖို့လဲ..."
           ကောင်းမြတ်သူ တိန်းနီရေ။တစ်ခုခု စိုင်းစားနီရှိဖို့။ ဆက်ပြီးကေအမိသေက..
               "အဂု မင်းမဆုံးဖြတ်ရသိမ့်ကေ နောက်ခါဆုံးဖြတ် ရဖို့။မေမေဖြစ်စီချင်စွာကတော့ခါ ရွာကအချေတိကို မင်းတတ် ထားရေ ပညာတိနဲ့စာသင်ပီးစီချင်ရေ၊။ အားဓမ္မတော့ခါ ခိုင်းစော်မဟုတ်နမ်း။ အပြီးကေ မင်းအဖမှာထားခရေ လယ်တိကိုလုပ်ဗျယ် ငါနဲ့အတူတူလုပ်စားစီချင်ရေ။မင်း..ရွာထဲ မှာပြောနီရေ အင်တာနက်၊ကွန်ပျူတာရို့ကို မေမေရို့မသိ။ မြင်လေ့မမြင်ဖူး။အခြားနီရာတိမှာ တိုးတက်ချင်ပိုင် တိုးတက် လီဖို့စီ။မေမေရို့"နီရေ ဒေရွာ၊ဒေမြေမှာ အဂုထက်ထိ မေမေအချေကပင်အဂုထိဆိုဖိ။ သားမြင်ရေအတိုင်းဗျယ် စာတတ်တေလူတိမရှိ၊ ချမ်းသာရေလူတိနည်း၊ ဗဟုသုတလေ့ မရှိ။ ယင်းချင့်တိကိုပြောင်းလဲဖို့အချိန်တန်ဗျယ်ထင်ရေသား။ မေမေရို့ဘဝတိက မျက်စိအကန်းပိုင်။အပြင်းနပြင်း ကိုယ့်နာ မေကို ရွီးဖို့တတ်ကတ်စွာ။ ကကြီးကခွေ မသိရေလူတိလေ့ အများကြီးရှိသိမ့်ယင့်။ ကိုယ်ရို့ကိုယ်ရို့ချင်း ရိုးသားကတ်လို့ရာ။ မဟုတ်ကေကမလွယ်။မေမေရို့ရွာကလူတိရေ ရရိုးသသားချေ နဲ့ထမင်းတစ်လုပ်ကို ရုန်းကန်ဗျယ် စားနီကတ်စွာယာ။ ဒေပိုင် ရရိုးသသားစားနီရေထမင်းတစ်လုပ်မှာ ငါ့သားပီးရေ ပညာအ သားတစ်ဖဲ့ထည့်ပီးဖို့ဆိုကေ ကကောင်းပြည့်စုံလားဖို့ပိုင်တွိကာ ။လူများကိုဂျီးယာ အားကျပြီးကေလူများအကြောင်းယာပြောနီဖို့ ဆိုကေ မေမေရို့ဇာခါဖြစ်လီဖို့လဲ။ကိုယ့်ခွက်မှာတစ်ခုလေ့မရှိ ဘဲနဲ့သူများခွက်ကငါးကို အားကျနီလို့ရဖို့လားချင့်။ ငါ့သားကစာ တတ်တေ။သားရာအမှန်တကယ် ကိုယ့်ရွာ၊ကိုယ့်မြေ၊ကိုယ့်မိ သားစုကို တိုးတက်စီချင်ကေ မေမေပြောစွာကိုနားလည်လိမ့် မေ။ မေမေမသိစွာတိလေ့ အများကြီးရှိဖို့ လာလ်"
            အမိသေ ဒေါ်မိခိုင်တနားချေတန့်လားခရေ။အပြီးခါ မှဆက်ပြီးကေ....
              "မေမေပြောရဖို့ဆိုကေ...ဇာပိုင်ပြောရဖို့လဲသား...မင်းအဖိုးသျှင်ရေအယင်သဒေရွာမှာ ရွာသူကြီးဖြစ်ခရေ။အတို ချေပြောရဖို့ဆိုကေ အဂုသားတက်ခရေ ရွာကကျောင်းရေ မင်း အဖိုးသျှင်မြို့လားဗျယ်အထက်အဆင့်ဆင့်ကိုတင်ပြဗျယ် တောင်းလို့ရခရေကျောင်း။
              အေ.....ငါပြောချင်စော်က မင်းအဖို့သျှင်ရေ မင်းလောက်လေ့ဘွဲ့မရ၊ပညာမတတ်ခ။.ယကေလေ့ မင်းရို့ငါ ရို့နီရေရွာအတွက် ပညာရေးကို လမ်းပြပီးခရေလူတစ်ယောက် လို့မေမေထင်ရေ။ ငါ့သားဇာပိုင်စိုင်းစားလေ။ သားစိုင်းစား ကြည့်ပလင်။မင်းအဖိုးသျှင်လမ်းဖွင့်ရေအတိုင်း မင်းလေ့ပညာ တတ်ချေတစ်ယောက်ဖြစ်နီဗျယ်။ ငါ့သားဇာလုပ်ဖို့လဲ။ သေ သေချာချာစိုင်းစားနမ်း။ မေမေပြောစော်ကိုရာ လက်ခံဖို့ဆိုကေ မေမေသီပျော်ယာ။မင်းအဖ၊မင်းအဖိုးသျှင်ရို့လေ့ ရောက်ရေ ဘဝကဝမ်းသာနီလိမ့်မေ။မေမေပြောဖို့စော်ကဒေလောက်ဗျယ်။မင်းစိုင်းစားနမ်း။အပြီးကေဆုံးဖြတ်ချက်တစ်ခုချ။မေမေမင်းကိုဆရာခံစော်မဟုတ်။မင်းစိတ်နဲ့မင်းရာ။
               အမိသေဒေါ်မိခိုင်ရေသားကိုပြောပြီးကေထိုင် ရာကထဗျယ်စဖိုခန်းထဲကို ဝက်လားခရေ။ကောင်းမြတ်သူရာ ထိုင်ခုံမှာ ထိုင်ဗျယ်စိုင်းစားကျန်လိုက်တေ။သူလေ့ ဇာပိုင်ဆုံး ဖြတ်ရဖို့လဲ စိုင်းစားနီဟိဖို့။
......................(၃)...........................................
သို့
    မေမေ
     သားရှိခိုးကန်တော့ခပါရေ။မေမေကိုလေ့ ကကောင်းကျေး ဇူးတင်ပါရေ။ မေမေသင်ပီးလို့ သား ပညာတတ်ခရေ။ မေမေ ကျွေးမွေးလို့ သား အဂုပိုင်လူတစ်ယောက်ဖြစ်လာစွာပါ။ ယကေလေ့ မေမေ သား မေမေပြောပိုင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ဘဝကိုအဆုံးမခံနိုင်ပါ။ ကိုယ့်ရွာမှာကျောင်းဆရာတစ်ယောက် လုပ်ဗျယ် လယ်လုပ်စားရဖို့ဆိုစော် သားစိတ်ထဲမှာမရှိပါ။ သားက ကိုယ့်ဘဝကိုကိုယ် ဟိုး.....အာကာကိုရောက်ရေအထိ တက်လားချင်ပါရေ။
      တိုးတက်နီရေခေတ်ကြီးကို လိုက်မီအောင် သားထွက် လားရပါရေ။ကိုယ့်ရွာချေမှာရာနီကေ ဇာခါတိုးတက်လီဖို့လဲမေ မေ။သားသူငယ်ချင်းတိဆိုကေ စင်္ကာပူကိုရောက်လူရောက်၊ အမေရိကကိုရောက်လူရောက်၊ မလေးရှားကိုရောက်လူရောက်၊ ချမ်းသာကြီးပွားဗျယ် ခေတ်ကိုအမွီလိုက်နီကတ်တေ။
      မေမေပြောပိုင် ကိုယ့်ရွာမှာကိုယ်ဂျီးယာလုပ်ရဖို့လား မေမေ။ သားမလုပ်ခကေလေ့ အခြားလူတိလုပ်ပါလိမ့်မေ။ သားကကိုယ့်မြီမှာ တီအဖြစ်မခံချင်ပါ။မေမေသားကိုခွင့်လွှတ် ပါ။သားမလုပ်နိုင်ခရေအလုပ်တိကိုနောက်လူတိလုပ်ပါလိမ့်မေ။သားတစ်ယောက်တည်းမလုပ်ခလို့တစ်ခုလေ့မဖြစ်။ အရာလူ တိအများကြီးကျန်ပါရေကာ။သားလုပ်ခကေတောင်မှ နှမ်းတစ် စိနဲ့ဆီမဖြစ်ပါမေမေ။
       အဂုလေ့ သား မေမေဘက်ကထွက်လားခရစော်လေ့ မေမေကိုမချစ်လို့မဟုတ်။သားရေ တိုးတက်ရေ နီရာ၊ တိုးတက်ရေမြီမှာ၊တိုးတက်တေလူတိနဲ့အတူ ရင်ကော့ ခေါင်းမော့နဲ့ အတူခေတ်ကိုအမီ လိုက်ချင်လို့ပါ။ အဂုခေတ်မှာ ကွန်ပျူတာ၊အင်တာနက်၊ဖုန်း စရေလူထုဆက်သွယ်ချက်တိ၊ တိုးတက်တေ ခေတ်အမြင်တိကို မေမေကိုမြင်စီချင်ရေ။ မေ မေရို့ပိုင် ကျွန်းမှာနီပြီးကေ သားတစ်ဘဝလုံးကို အဆုံးမခံချင်ပါ မေမေ။ မေမေဘက်ကယူလားခရေ ငွေတစ်သိန်းကိုလေ့ အဆင်ပြေကေထည့်ပီးလိုက်ပါမေ။မေမေကျမ်းမာပါစီ။
                                                    သား
                                             ကောင်းမြတ်သူ
      ဒေါ်မိခိုင်တစ်ယောက် သားထားပစ်ခရေစာကို ကိုင်ဗျယ် မျက်ရည်စက်လက်နဲ့ ဝမ်းနည်းစိတ်တိကို အားဓမ္မမျိုသိပ်နီမိ ရေ။ ဆုံးရှုံးခြင်းဆိုစော် မိခိုင်အတွက်အဆန်းတော့ခါမ ဟုတ်။ယေကေလေ့ အဂုတစ်ခေါက် ဆုံးရှုံးခြင်းက ရင်ကို မီးတောက်စီရေ။ စုံကန်လားခရေ ခြီနှစ်ချောင်းကြောင့် တုန်ခါ ကျန်လိုက်တေ အကိုင်းဖျားချေပိုင် တဆတ်ဆတ်တုန်နီဗျယ်။ အော်.......သား.....သား....လီဟုန်ကို စကုန်ထိုးဗျယ် ပျံချင် ရေ သား။ တိုးတက်မှုတိကို အမီလိုက်တေ သား။ မေမေရို့ မှာကလာလ်......ငါ့သားကြီးပွားစော်ကို မြင်ချင်စော်ဗျယ်။ အောင်မြင်စွာကိုမြင်ချင်စော်ဗျယ်။ ယကေလေ့ .......သား....သား......။ စကားလုံးပေါင်းမြောက်များစွာက အမိသေဒေါ်မိ ခိုင်ရင်ထဲမှာ ပြောနီမိရေ.........။     ။
                                               (အဘာသား)

No comments:

Post a Comment