Friday, February 3, 2017

ရခိုင်ဒေသကထွက်ရှိရေမဂ္ဂဇင်းတိနန့်လူငယ်တိုးတက်ရေးဂဏ္ဌ

          ဟို တစ်ရက်နှစ်ရက်က စာအုပ်တစ်အုပ်ဖတ်ဖြစ်လိုက် ပါရေ။ယင်းစာအုပ်မှာ ကဗျာ၊ဆောင်းပါး၊ဝတ္ထု စရေဂဏ္ဌတိ ဝေဝေဆာဆာပါလာလို့ တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်ယင်းဖတ်ယင်း တစ်ရက်လုံးအချိန်ကုန်ခပါရေ။ စာအုပ်နာမည်က "ဝံသရက္ခိတ မဂ္ဂဇင်း"ပါ။ယင်းနေရာမှာ ကျွန်တော်တစ်ခု ကံကောင်းရေဆိုရ ပါဖို့။သူငယ်ချင်းတိဖြစ်စီ၊အသိမိတ်ဆွေတိကဖြစ်စီ၊ကျွန်တော့်အကြိုက်တွိဖို့လို့ထင်ရေ စာအုပ်ဆိုကေ သူရို့ကလာပနာစီ ပီးကတ်ပါရေ။ကျွန်တော်လေ့ စာဖတ်ဝါသနာပါရေလို့ဆိုရပါဖို့။ သူရို့ပီးလာရေစာအုပ်တိ၊ ကိုယ်ပိုင်ဝယ်ဖတ်တေစာအုပ်တိကို ဖတ်ပြီးကေ စဉ်းစားတွေးတောရစော်ကို ကကောင်းကြိုက်ပါ ရေ။
            စာဖတ်ရစော်ကို အရသာခံနိုင်စော်ကလေ့ ဘာဘာ ၏ကျေးဇူးကြောင့်လို့ဆိုရပါဖို့။ဇာဖြစ်လို့လည်းဆိုကေ ကျွန်တော်မူလတန်း ကျောင်းသားအရွယ်ကပင် ဘာဘာက ရွှေသွေး၊မိုးသောက်ပန်းဂျာနယ်တိဝယ်လာပနာ အိမ်မှာပုံထား တတ်ပါရေ။ယင်းဂျာနယ်တိကို ကျွန်တော်ကကောက်ဖတ်၊။ ယင်းချင့်ထက် အလယ်တန်းကျောင်းသားဘဝအဆင့်ရောက်ပါ လတ်တေခါ မဂ္ဂဇင်းတိဝယ်ပီးတတ်လာပါရေ။ ယင်းပိုင်ယင်း ပိုင်နဲ့ကျွန်တော်ရေ ရုပ်ပြကတစ်ဆင့်၊ ဆောင်းပါးတိ၊ ဝတ္ထုတိ ဖတ်ဖို့တတ်လာပါရေ။ တစ်ရက်နိကလေ့ ဘာဘ၏မိတ်ဆွေ တစ်ယောက်က "ဝံသရက္ခိတ" မဂ္ဂဇင်းစာအုပ်တစ်အုပ် ပီးလာ ပါရေ။ကျွန်တော် ယင်းစာအုပ်ကိုဖတ်ယင်း ကကောင်းသဘော ကျမိပါရေ။လူငယ်စာပီဝါသနာရှင်တိအတွက် ကလောင်သွီးဖို့ ကောင်းရေမဂ္ဂဇင်းပါ။ ဒေစာအုပ်ထွက်လာဖို့အတွက် ကြိုးစားခ ကတ်တေပုဂ္ဂိုလ်တိကိုလေ့ ကကောင်းကျေးဇူးတင်ဖို့ ကောင်းပါရေ။ဒေလောက်စာရီးဆရာတိပေါရေခေတ်မှာမဂ္ဂဇင်း တစ်စောင်စောင်မှာ ကလောင်သွီးနိုင်ဖို့မလွယ်ပါ။ မဂ္ဂဇင်းတိုင်း ဂျာနယ်တိုင်းမှာကိုယ့်စော်နဲ့ကိုယ် ရွီးနီကတ်ရရေခေတ်မှာ ကလောင်ရှင်အသစ်တိအတွက် စာပီလောကကိုထိုးဖောက်နိုင် ဖို့ဆိုစွာ လွယ်ကူရေကိစ္စမဟုတ်ပါ။
             အဂုပိုင်ကိုယ့်ရခိုင်ဒေသက မဂ္ဂဇင်းတိအများကြီး ထွက်နိုင်လီလီ ရခိုင်သူရခိုင်သားတိအတွက်အကျိုးရှိလီလီပါ ဗျယ်။ရခိုင်လူငယ် စာပီဝါသနာရှင်တိအတွက်လေ့ကောင်းလီ လီပါဗျယ်။ယေဒါလေ့တစ်ခုတော့ခါ လိုအပ်နီပိုင်တွိသိပါယင့်။ ဇာချင့်လဲဆိုကေ ရခိုင်ဒေသကထွက်တေမဂ္ဂဇင်းတိမှာ လူငယ် တိုးတက်ရေးအတွက် စိတ်ဓာတ်အင်အားပီးနိုင်ရေဂဏ္ဌချေ တစ်ရပ်ပါ။ရိုးမ ဟိုမာဖက်မှာဆိုကေ လူငယ်တိအတွက်ကြိုး စားနီကတ်တေ စာရီးဆရာတိ ကကောင်းကြီးထွက်ပေါ်နီပါ ဗျယ်။ဥပမာ...ဆရာအောင်သင်း၊ဆရာချစ်နိုင်(စိတ်ပညာ)၊ ဆရာဘုန်းမြင်သွေး၊ဆရာလူထုစိန်ဝင်း၊ဆရာဖေမြင့် စရေ စာရီးဆရာကြီးတိက လူငယ်တိအတွက် အားကြိုးမာန်တက် လုပ်ဆောင်နီကတ်ပါဗျယ်။လူငယ်စာရီးဆရာလို့တောင်ခေါ် ဝေါ်သုံးစွဲနီကတ်ပါဗျယ်။အပြီးကေ လူငယ်မဂ္ဂဇင်းတိလေ့ ကကောင်းထွန်းကားနီပါဗျယ်။
            ကျွန်တော်ရို့ရခိုင်ဒေသကလေ့ လူငယ်မဂ္ဂဇင်းတစ်ခု မဟုတ်တောင်မှဒေသထွက်မဂ္ဂဇင်းတိမှာ လူငယ်ဂဏ္ဌတစ်ခု အနီနဲ့ ထည့်ပီးဖို့ဆိုကေ ကကောင်းသင့်တော်ဖို့ပိုင်တွိပါယင့်။ ဒေလူငယ်ဂဏ္ဌရေ အရေးမကြီးလို့မထင်ပါကေ့။ လူငယ်တိရေ အနာဂတ်အတွက်အရေးကြီးရေဆိုစော် စာတစ်စောင်ပီတစ်ဖွဲ့ ရီးပြဖို့လိုဖို့မထင်ပါဗျယ်။အားလုံးသူသိပြီးသားပါရာ။ လူငယ်တိ ရေ ရဖို့လိုဆိုကေ မိုးကိုအထိဖောက်ပလိုက်ချင်ရေ စိတ်ဓာတ် တိရှိကတ်ပါရေ။ယင်းပိုင်စိတ်ဓာတ်နဲ့လူငယ်တိကို လမ်းမှားမ ရောက်အောင်လမ်းပြပီးရဖို့စော်က ယင်းလူငယ်ကြားမှာရှိရေ သြဇာရှိလူကြီးတိဆိုကေမှားဖို့မထင်ပါ။ ယင်းအတွက်နဲ့ ရခိုင် လူငယ်ကြားမှာ သြဇာရှိရေ ရခိုင်မဂ္ဂဇင်းနဲ့တကွ ဒေသထုတ် မဂ္ဂဇင်းတိမှာ လူငယ်တိုးတက်ရေးဂဏ္ဌကို တစ်ခန်းတစ်နား မဟုတ်ကေတောင် ထောင့်ချေတစ်နီရာက ထည့်ပီးစီချင်စွာပါ။
         တစ်ရက်နိက အတိအကျပြောရဖို့ဆိုကေ (21.4.2009)ရက်နိ မြောက်ဦး အ..ထ.က ဟောင်း မြဝါ ခန်းမမှာကျင်းပရေ စာပီဟောပြောပွဲကိုလားလို့နားထောင်ဖြစ်ခီ ပါရေ။ယင်းမှာပထမဆုံးသတိထားမိစော်တစ်ခုက မြဝါ ခန်းမ မှာရွီးထားရေ"ဖူးသောပန်းတိုင်း ပွင့်ရန်ရွယ်၊ပွင့်းသောပန်းတိုင်း မွှေးရန်ကွယ်၊မိဘဆရာကြိုးစားမယ်"စာသားပါ။အယင်ခေါက် အချေကျောင်းသားဘဝမှာ ယင်းစာကြောင်းကိုယက်ပြတ် မြင်ဖူး၊ဖတ်ဖူးခပါရေ။ ယေကေလေ့ရိုးရိုးသာမန်စာကြောင်း တစ်ကြောင်းပိုင်ခံစားမိခပါရေ။ အမှန်ဆိုဖို့ဆိုကေ နမိနမောပါ ရာ။အဂုအသက်အရွယ်အရ၊အတွိအကြုံအရနည်းနည်းရှိလာခါမှ ဧရာမ ရည်ရွယ်ချက်ကောင်းရေ ဆောင်ပုဒ်ဆိုစော်ကိုသတိ ထားမိပါရေ။ယင်းဆောင်ပုဒ်ကို ဖော်ထုတ်ရွီးသားခရေ ပုဂ္ဂိုလ် ကိုလေ့ ကကောင်းလေးစားမိပါရေ။မိဘဆရာတိရေ ကျောင်း သူကျောင်းသားတိ အဖူးကအပွင့်၊အပွင့်ကပင်ရနံ့မွှီးအောင်အ ထိကြိုးစားကတ်ဖို့ဆိုရေ ညီညွတ်မှုအင်အား၊ စည်းလုံးမှုအင် အား၊အနာဂတ်အတွက်အလင်းရောင်ဆိုရေ လူငယ် လူရွယ်တိ အတွက်ကျရာတာဝန်ထမ်းဆောင်ကတ်ဖို့ဆိုရေ စိတ်ဓာတ်တိ နဲ့ပြည့်နီရေဒေဆောင်ပုဒ်ကို ကကောင်းတန်ဖိုးထားမိခပါဗျယ်။ အပြီးကေယင်းကျောင်းမှာသင်ပြကတ်တေ ဆရာဆရာမတိကို လေ့လက်အုပ်ချီမိပါယင့်။အော်...ငါရို့ ရခိုင်ဒေသထုတ် မဂ္ဂဇင်း တိမှာလေ့အဂုပိုင်ဖူးရေပန်းပွင့်ဖို့၊ပွင့်ရေပန်းမွှီးဖို့၊ရခိုင်မဂ္ဂဇင်းတိ ကြိုးစားစို့ဆိုရေဂဏ္ဌချေတစ်ခုပါလာကေ ဘလောက်ကောင်းဖို့ နမ်းလို့တွေးမိခပါရေ။
          စာပီဟောပြောပွဲမှာ ဟောပြောခကတ်တေ ဆရာချစ် နိုင်(စိတ်ပညာ)၊ဆရာလယ်တွင်းသားစောချစ်ရို့နှစ်ယောက်က လေ့လူငယ်တိအတွက် ဂရုဏာထားပြီးကေဟောပြော လားခကတ်ပါရေ။ဆရာချစ်နိုင်(စိတ်ပညာ)ဟောပြောခရေ "လူ ဖြစ်ရသည့်ရည်ရွယ်ချက်"ဆိုကေ ကကောင်းမှတ်သားစရာတိပါ ပါရေ။အတိုချုပ်အနီနဲ့ မိမိအတွက်၊မိမိဒေသအတွက်၊မိမိလူမျိုး အတွက်၊မိမိတိုင်းပြည်အတွက် မေးပါ၊တွေးပါ၊ရေးပါ လတ်။ အပြီးကေ အတိတ်ကိုလွမ်းဆွတ်မှိုင်ငေးပနာ ထိုင်နီဖို့အစား အရှိဘက်ကနီရောင်ကိုမျက်စိဖွင့်ကြည့်စီချင်ပါရေလတ်။ အနာ ဂတ်မအတွက် ငါရို့ဇာဇာလုပ်ယာလေ။အတိတ်ကိုဂျီးယာလွမ်း နီဖို့ယာလာ။ရှိကလူတိဦးဆောင်ပနာ အနာဂတ်အတွက်ပြင် ဆင်သင့်ပါဗျယ်။ကျွန်တော်ရို့ရှိကတောရှင်းလို့လားနီရေ ပုဂ္ဂိုလ်တိ၊တံထားထိုးပီးနီရေ ဂရုဏာရှင်တိကို ကကောင်းလေး စားဖို့ကောင်းပါရေ။
            တစ်ခါကလူတစ်ယောက်စော် မြင်းတစ်ကောင်ကိုစီး ပနာခရီးလားပါရေလတ်။လမ်းခရီးမှာချောင်းတစ်ခုကိုတွိပါရေ။ ယင်းချောင်းကို သူစွာ မြင်းနဲ့ခုန်ပနာကူးပြီးကေ နောက်ပြန် လှည့်လို့ တံထားထိုးပါရေလတ်။ယင်းချင့်ကိုနောက်ခရီးလား ရေလူတစ်ယောက်ကမြင်ရေခါ " အဝေ..မင်းဇာဖြစ်လို့ ဟိုဖက်ကမ်းကိုရောက်ခလို့ပင် တံထားထိုးနီရစော်လေ"လို့ မီးပါရေလတ်။ယေခါပထမခရီးသည်ပြောလိုက်စော်က"အဝေ....မိတ်ဆွေ ငါ့နောက်မှာမျိုးဆက်သစ်လူငယ်တိ ဒေလမ်းကို လာရေခါ ငါ့ပိုင်အားနဲ့ မခုန်ရအောင်တံထားထိုးစော်ရာ"လို့ ဖြေပါရေလတ်။ဘလောက်ကောင်းရေအဖြေပါလေချင့်။မှတ် သားဖို့ကောင်းရေစကားချေပါ။ပြောချင်စော်ကရှိကလားရေလူတိစော် နောက်ကလူတိအတွက် တံထားချေတိထိုးပီးပနာ အမွီပီးခကတ်ကေ နောက်ကလူတိ တဟုန်ထိုးပြီးပစ်လိုက်လို့ ရပါရေ။ကျွန်တော်ရို့ရခိုင်လူငယ်ချေတိလေ့ ဘဝအနာဂတ်ကို ဖြတ်သန်းလားရေခါ ရှိကလူတိ၏ ဘဝပြဿနာချေတိဖြေရှင်း ပုံချေတိနဲ့ညိုနှိုင်းပနာဆောင်ဖို့၊ရှောင်ဖို့စွာတိကိုသိထားဖို့်လိုပါ ရေ။ယင်းအတွက်နဲ့ လက်ဆင့်ကမ်းဆိုပိုင် နောက်လူငယ် ချေတိ သိထားသင့်ရေ ဘဝမှာ ဆောင်ရန်၊ရှောင်ရန်ချေတိ၊ အသိစိတ်ချေတိ၊စိတ်ဓာတ်အင်အားချေတိကို ဖွင့်ပီးစီချင်ပါရေ။
          နိဂုံးချုပ်ပြောရဖို့ဆိုကေ ရခိုင်ဒေသထွက်မဂ္ဂဇင်းတိမှာ လူငယ်တိအတွက်သိထားသင့်ရေ အချက်တိ၊ဇာပိုင်စိတ်ဓာတ် တိထားရဖို့၊ဇာပိုင်ဘဝကိုဖြတ်သန်းရဖို့ဆိုစော်တိကို မျက်စိဖွင့် ပီးကေအနီနဲ့လူငယ်တိုးတက်ရေးဂဏ္ဌချေတစ်ခုကို ထည့်ပီး ရွီးပီးကတ်ပါလို့တိုက်တွန်းလိုက်ပါရေ။
                                            အဘာသား

## ...ဝံသရက္ခိတမဂ္ဂဇင်း

No comments:

Post a Comment